စက်တင်ဘာ အတွက် စကော့တလန်လိဂ် ကစားသမားဆု နေးလ်စမစ် ရရှိ

စက်တင်ဘာ အတွက် စကော့တလန်လိဂ် ကစားသမားဆု နေးလ်စမစ် ရရှိ

October 19, 2018 0 Football Analysis

ဟတ် အသင်း တိုက်စစ်မှူး နေးလ်စမစ်ဟာ ယခုရာသီ စကော့တလန်လိဂ်ရဲ့ စက်တင်ဘာလ အတွက် တစ်လ တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အဲဗာတန် တိုက်စစ်မှူးဟောင်း ဖြစ်သူဟာ စက်တင်ဘာလ အတွင်း ကစားခဲ့တဲ့ စကော့တလန်လိဂ် ပွဲစဉ်တွေမှာ ၄ ဂိုး သွင်းယူခဲ့ပါတယ်။

သူဟာ စိန့်မာရင် အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရထားခဲ့တဲ့ ပွဲစဉ်မှာ တစ်ဦးတည်း ဟက်ထရစ် သွင်းခဲ့သလို မာသားဝဲလ် အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားခဲ့တဲ့ ပွဲစဉ်မှာလည်း တစ်ဂိုး သွင်းခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ အယ်လ်ဘေးနီးယား အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားခဲ့တဲ့ UEFA Nations League ပွဲစဉ်မှာ လည်း နေးလ်စမစ်ဟာ စကော့တလန် အသင်း အတွက် ဒုတိယ အနိုင်ဂိုးကို သွင်းခဲ့တဲ့ ကစားသမား ဖြစ်ပါ တယ်။