စကာၤပူ အသင်း နောက်ဆုံး လူစာရင်းကို နည်းပြ ဖန်ဒီအာမတ် ထုတ်ပြန်

စကာင်္ပူ အသင်း နောက်ဆုံး လူစာရင်းကို နည်းပြ ဖန်ဒီအာမတ် ထုတ်ပြန်

November 5, 2018 0 AFF Suzuki Cup 2018

စင်္ကာပူ လက်ရွေးစင် အသင်း နည်းပြ ဖန်ဒီအာမတ်ဟာ လာမယ့် AFF ဆူဇူကီး ဖလားပြိုင်ပွဲ အတွက် အသင်း ရဲ့ ကစားသမား ၂၃ ဦး ပါဝင်တဲ့ လူစာရင်းကို ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

စင်္ကာပူ အသင်းဟာ ဂျပန် နိုင်ငံ အိုဆာကာမြို့မှာ ၂ ပတ်ကြာ လေ့ကျင့် ပြင်ဆင်ကာ ဒေသတွင်း ကလပ်အသင်းများနဲ့ ခြေစမ်း ကစားပြီး နေရပ်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ပါတယ်။

AFF ဆူဇူကီး ဖလားပြိုင်ပွဲ တစ်လျှောက် ၄ ကြိမ် ချန်ပီယံ ဖြစ်ထားခဲ့တဲ့ စင်္ကာပူ အသင်းဟာ အုပ်စု B မှာ လက်ရှိ ချန်ပီယံ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမော အသင်း တွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

စင်္ကာပူ အသင်းဟာ နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ AFF ဆူဇူကီး ဖလားပြိုင်ပွဲ အုပ်စုတွင်း အဖွင့်ပွဲစဉ် အဖြစ် အင်ဒိုနီးရှား အသင်းနဲ့ အဖွင့်ပွဲကို အိမ်ကွင်းမှာ ကစားရမှာ လည်း ဖြစ်ပါတယ်။