ရက်စတားဘဲလ်ဂရိတ် vs လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

ရက်စတားဘဲလ်ဂရိတ် vs လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

November 6, 2018 0 Preview

6အင်္ဂါနေ့ ယနေ့ည ၁၂ နာရီ ၂၅ မိနစ်မှာ ကစားမယ့် ရက်စတားဘဲလ်ဂရိတ် အသင်းနဲ့ လီဗာပူးလ် အသင်းတို့ ချန်ပီယံလိဂ် ပွဲစဉ် အကြောင်းကို တင်ပြပေးသွားပါမယ်။

ရက်စတားဘဲလ်ဂရိတ်

ဆားဘီးယား ကလပ် ရက်စတားဘဲလ်ဂရိတ် အသင်းဟာ နောက်ဆုံး ကစားထားခဲ့တဲ့ လီဗာပူးလ် အသင်းနဲ့ အဝေးကွင်း ပွဲစဉ်မှာ ၄ ဂိုး ဂိုးမရှိ ရှုံးထားခဲ့ပါတယ်။

အုပ်စုတွင်း နောက်ဆုံး ၃ ပွဲမှာ တစ်မှတ်သာ ရထားခဲ့တဲ့ သူတို့ အသင်း အတွက်တော့ နောက်တစ်ဆင့် တက်ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ပြည်တွင်း အမှတ်ပေး ပွဲတွေမှာတော့ ပုံစံကောင်းတွေ ပြသနေတဲ့ ရက်စတားဘဲလ်ဂရိတ် အသင်းဟာ ချန်ပီယံလိဂ်မှာတော့ အတော် လေးကို အတွေ့အကြုံ နည်းပါးလွန်းတာကို တွေ့ရပါတယ်။

ဒီညမှာတော့ ပြီးခဲ့တဲ့ အဝေးကွင်းမှာ ဂိုးပြတ် ရှုံးထား ခဲ့တဲ့ လီဗာပူးလ် အသင်းကို အိမ်ကွင်းမှာ ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

လီဗာပူးလ်

လီဗာပူးလ် အသင်းကတော့ ချန်ပီယံလိဂ်မှာ ကြောက်စရာ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့  အသင်း တစ်သင်းပါ။

မနှစ်ကလည်း ဗိုလ်လုပွဲ အထိ တက်ရောက်ခဲ့တဲ့ လမ်းကြောင်းမှာ ဂိုးတွေ မြူးခဲ့တဲ့ လီဗာ ပူးလ် အသင်း အနေနဲ့ ဒီရာသီမှာလည်း မနှစ်ကလို ပုံစံ အတိုင်း ဖြစ်လာခဲ့ပါပြီ။

ပြီးခဲ့တဲ့နှစ် ရာသီစကတည်းက လီဗာပူးလ် အသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံး ၁၆ ပွဲမှာ ၄၈ ဂိုး အထိ သွင်းထားခဲ့ပြီး ကျန်အသင်းတွေထက် ကို အများဆုံး ဖြစ်နေပါတယ်။

လီဗာပူးလ် အသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံး ၁၁ ပွဲမှာ ၅ ပွဲ အနိုင် ၅ ပွဲ သရေ တစ်ပွဲ ရှုံးထားပြီး ၃၃ ဂိုး အထိ သွင်းထားလို့ တစ်ပွဲကို အနည်းဆုံး ၃ ဂိုးလောက် ရနေတဲ့ အနေအထား ဖြစ်နေပါတယ်။

မနှစ်က ချန်ပီယံလိဂ် ၁၁ ဂိုး အထိ သွင်းထားခဲ့တဲ့ မိုဟာမက်ဆာလက် ဒီရာသီမှာရော လီဗာပူး လ် အသင်းတွေ ဘယ်လိုတွေ လုပ်ပြဦးမလဲ ဆိုတာ ကြည့်ရပါမယ်။

ကိုးကားချက်များနဲ့ ရွေးချယ်မှု

ရက်စတားဘဲလ်ဂရိတ် အသင်းဟာ နောက်ဆုံး ဥရောပ ပွဲစဉ် ၅ ပွဲစလုံး နိုင်ပွဲပျောက်ထားခဲ့ပြီး ၃ ပွဲ အနိုင် ၂ ပွဲ ရှုံးထားခဲ့ပါတယ်။

ရက်စတားဘဲလ်ဂရိတ် အသင်းဟာ ချန်ပီယံလိဂ် အိမ်ကွင်း နောက်ဆုံး ၂ ပွဲစလုံး ဂိုးသွင်းထားနိုင်ခဲ့ခြင်း မရှိခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီစကတည်းက လီဗာပူးလ် တိုက်စစ်မှူး ဖာမီနိုဟာ အသင်းရဲ့ ချန်ပီယံလိဂ် သွင်းဂိုး ၁၉ ဂိုးမှာ အဓိက ပါဝင်ခဲ့ပြီး ၁၂ ဂိုး သွင်းယူကာ ၇ ကြိမ် ဖန်တီးထားခဲ့ပြီး ကျန်ကစားသမားတွေထက် များနေပါတယ်။

ရက်စတားဘဲလ်ဂရိတ် အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ပေးဂိုး ၁၀ ဂိုး အထိ ရှိထားခဲ့ပြီး ပြိုင်ဘက်ရဲ့ ခြိမ်းခြော က် ဖိအားပေးခံရမှု အများဆုံး အသင်း အဖြစ် မှတ်တမ်းဝင်ထားသလို ပေးဂိုး အများဆုံး ဖြစ်နေပါတယ်။

ဒီည အတွက်လည်း လီဗာပူးလ် အသင်းကို ယုံကြည်ရဦးမှာပါ။