အိမ်ကွင်း ကာလရှည် ဂိုးပေါက်ပျောက်ဆုံးမှုကို ဟက်ဒါဖီးလ် အဆုံးသတ်

အိမ်ကွင်း ကာလရှည် ဂိုးပေါက်ပျောက်ဆုံးမှုကို ဟက်ဒါဖီးလ် အဆုံးသတ်

November 6, 2018 0 Premier League

ဟက်ဒါဖီးလ် အသင်းဟာ ဖူလ်ဟမ် အသင်းနဲ့ ကစားခဲ့တဲ့ အိမ်ကွင်း ပရီးမီးယားလိဂ် ပွဲစဉ်မှာ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ နိုင်ပွဲဟာ ဟက်ဒါဖီးလ် အသင်း အတွက် ယခုရာသီ ပထမဆုံး နိုင်ပွဲလည်း ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ဟက်ဒါဖီးလ် အသင်း အတွက် ပွဲချိန် ၂၉ မိနစ်မှာ ရရှိခဲ့တဲ့ ပြိုင်ဘက် နောက်ခံလူ ဖူဆိုမန်ဆက်ရှ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တဲ့ ဂိုးဟာလည်း ဟက်ဒါဖီးလ် အသင်း အတွက် ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့ ၀က်ဖို့ဒ် အသင်းနဲ့ ပွဲစဉ်မှာ တွန်အင့်စ်ရဲ့ နာကျင် အချိန်ပို သွင်းဂိုး နောက်ပိုင်း ပထမဆုံး အိမ်ကွင်း သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

ဟက်ဒါဖီးလ် အသင်းဟာ ၎င်းတို့ အသင်း အိမ်ကွင်းမှာ ပရီးမီးယား လိဂ် သွင်းဂိုး မသွင်းနိုင်ခဲ့တာဟာ ပွဲချိန် မိနစ်ပေါင်း ၆၅၉ မိနစ်ကြာခဲ့ပြီ ဖြစ်ပြီး ယခုအချိန်မှာတော့ ကာလရှည် ပျောက်ဆုံးနေတဲ့ အိမ်ကွင်း ဂိုးကို ပြန်လည် ရှာတွေ့နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယင်းနိုင်ပွဲကြောင့် ဖူလ်ဟမ် အသင်းဟာ တန်းဆင်းဇုန် အတွင်းကနေ ရုန်းထွက်ဖို့ အတွက် အားတက်စရာ ဖြစ်စေခဲ့ပါတယ်။