Warrix Sports နဲ့ ဂျာစီစပွန်ဆာ စာချုပ် ချုပ်ဆိုလိုက်တဲ့ MFF

Warrix Sports နဲ့ ဂျာစီစပွန်ဆာ စာချုပ် ချုပ်ဆိုလိုက်တဲ့ MFF

November 6, 2018 0 AFF Suzuki Cup 2018

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF ဟာ လာမယ့် ဆူဇူကီး ဖလားပြိုင်ပွဲ အပါအ၀င် ပါဝင်ယှဉ်ပြိုင်ကြမယ့် မြန်မာ့ လက်ရွေးစင် အသင်းများ အတွက် ဂျာစီ စပွန်ဆာ အဖြစ် Warrix Sports နဲ့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အဆိုပါ စပွန်ဆာ စာချုပ် ချုပ်ဆိုမှုကို ယခုလ ၆ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ နိုဗိုတယ်မက်စ်မှာ အခမ်းအနားနဲ့ တကွ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF ဥက္ကဌ ဦးဇော်ဇော်နဲ့ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ အခြေစိုက် အားကစား ၀တ်စုံ ထုတ်လုပ် တဲ့ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Warrix Sports မှ တာဝန်ရှိသူများ အပြင် မြန်မာ့ လက်ရွေးစင် အားကစားသမားများ၊ နည်းပြ အုပ်ချုပ်သူများနဲ့ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF နဲ့ ထိုင်းနိုင်ငံ အခြေစိုက် အားကစား ၀တ်စုံ ထုတ်လုပ် တဲ့ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Warrix Sports တို့ အကြား စာချုပ် တန်ကြေးမှာ အမေရိကန် ဒေါ်လာ ၅.၆၇ သန်း အထိ ပစ္စည်းရော ငွေသားပါ အပြီးစီး ဖြစ်တယ်လို့ သိရပါတယ်။

စာချုပ်သက်တမ်းကတော့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ဖြစ်ပါတယ်။