ဂျူဗင်တပ် vs မန်ယူ ပွဲကြိုသုံးသပ်ချက်

ဂျူဗင်တပ် vs မန်ယူ ပွဲကြိုသုံးသပ်ချက်

November 7, 2018 0 Preview

ဗုဒ္ဓဟူးနေ့ ယနေ့ည ၂ နာရီ ၃၀ မိနစ်မှာ ကစားမယ့် ဂျူဗင်တပ် အသင်းနဲ့ မန်ယူ အသင်းတို့ ချန်ပီယံလိဂ် ပွဲစဉ် အကြောင်းကို တင်ပြပေးသွားပါမယ်။

ဂျူဗင်တပ်

ဂျူဗင်တပ် အသင်းဟာ ဒီရာသီ စီးရီးအေမှာရော ချန်ပီယံလိဂ်မှာပါ ရှုံးပွဲ မရှိသေးတဲ့ အသင်း ဖြစ်ပါတယ်။

အထူးသဖြင့် ချန်ပီယံလိဂ်မှာ ဆိုရင် ဂျူဗင်တပ် အသင်းဟာ နောက်ဆုံး ၃ ပွဲစလုံး အနိုင်ရထားတဲ့ အထိတိုင် ရာနှုန်းပြည့် အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

အုပ်စု အဆင့် မဲခွဲပြီးကတည်းက အုပ်စုဗိုလ် ဖြစ်မယ်လို့ ရေပန်းစား နေတဲ့ ဂျူဗင်တပ် အသင်းဟာ အုပ်စု ဒုတိယနေရာက မန်ယူ အသင်းကို ၅ မှတ် အထိ ဖြတ်ထားပါတယ်။

ဒီည မှာလည်း ဂျူဗင်တပ် အသင်းဟာ နောက်ဆုံး ကစားထားခဲ့တဲ့ အဝေးကွင်း ပွဲစဉ်မှာ အနိုင်ရထားခဲ့တဲ့ မန်ယူ အသင်းကိုဘဲ အိမ်ကွင်းမှာ ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီရာသီ နောက်ဆုံး ၁၄ ပွဲ ကစားထားခဲ့ရမှာ ၁၃ ပွဲ အထိ အနိုင်ရထားခဲ့တဲ့ ဂျူဗင်တပ် အသင်း အနေနဲ့ ချန်ပီယံလိဂ်မှာ စောင့်ကြည့်ချင်စရာ အကောင်းဆုံး အသင်း ဖြစ်နေပါတယ်။

မန်ယူ

အုပ်စုတွင်း အနေအထားအရ ရမှတ် ၄ မှတ်ဖြင့် ဒုတိယနေရာမှာ ရောက်နေတဲ့ မန်ယူ အနေနဲ့ တတိယနေရာ က ဗလင်စီယာ အသင်းနဲ့ ၂ မှတ်သာ ကွာဟနေလို့ နောက်တစ်ဆင့် တက်ဖို့ အတွက် ဖိအားများပါတယ်။

ဗလင်စီယာ အသင်းကလည်း အိမ်ကွင်းမှာ ယန်းဘွိုင်း အသင်းနဲ့ တွေ့ရမှာ ဖြစ်ပြီး တကယ်လို့ ဗလင်စီယာ အသင်းက အနိုင်ရပြီး မန်ယူ အသင်းက ရှုံးခဲ့သော် မန်ယူ အသင်း ယူရိုပါလိဂ် ရောက်ဖို့ များသွားနိုင်မယ့် အနေအထား ဖြစ်သွားနိုင်ပါတယ်။

မန်ယူ အသင်းရဲ့ ဒီရာသီ ရလဒ်ပိုင်း မငြိမ်သက်မှုတွေနဲ့ ဆိုးရွားလှတဲ့ ခံစစ် တွေက အသင်းကို ဆွဲချနေသလိုပါဘဲ။ ဒီရာသီ နောက်ဆုံး ၁၅ ပွဲမှာ မန်ယူ အသင်းဟာ ၇ ပွဲသာ အနိုင်ရထား ခဲ့ပြီး ၅ ပွဲ အထိ ရှုံးထားခဲ့သလို အဝေးကွင်း ရှုံးပွဲ အနေနဲ့ ၂ ပွဲ ရှိတယ်ဆိုပေမယ့် ၇ ပွဲမှာ ၁၀ ဂိုး အထိ ပေးထား ရတဲ့ ခံစစ်ပိုင်းက အတော်ကို စိတ်ပျက်စရာ ကောင်းပါတယ်။

နောက်ဆုံး ပြိုင်ပွဲ အရပ်ရပ် ၉ ပွဲမှာ ၃ ပွဲသာ အနိုင်ရထားခဲ့တဲ့ မန်ယူ အသင်း အနေအထားကတော့ နားလည်ရ ခက်ပါတယ်။

ကိုးကားချက်များနဲ့ ရွေးချယ်မှု

မန်ယူ အသင်းကို ရှုံးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ဖြစ်တဲ့ ၂၀၀၃ ဖေဖော်ဝါရီလ နောက်ပိုင်း ဂျူဗင်တပ် အသင်းဟာ နောက်ဆုံး ချန်ပီယံလိဂ် အုပ်စု အိမ်ကွင်း ၃၅ ပွဲမှာ ၂၄ ပွဲ အနိုင် ၁၀ ပွဲ သရေ တစ်ပွဲသာ ရှုံးထားပါ တယ်။

မန်ယူ အသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံး အုပ်စု ၂ ပွဲဆက် ဂိုးမသွင်းထားနိုင်ခဲ့ပြီး ဒီညမှာသာ မသွင်းနိုင်ခဲ့ပါ က ၂၀၀၅ နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံး အကြိမ် ချန်ပီယံလိဂ် အုပ်စု ၃ ပွဲဆက် ဂိုးပျောက်တဲ့ အသင်း ဖြစ်လာမှာပါ။

ဂျူဗင်တပ် တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဧပြီလက ဂျူဗင်တပ် အသင်းနဲ့ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အသင်း အတွက် မိနစ် ၉၀ မှာ ပင်နယ်တီ ဂိုးသွင်းယူခဲ့ပြီးနောက် ချန်ပီယံလိဂ် နောက်ဆုံး ၅ ပွဲစလုံး ဂိုးမသွင်း ထားနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

စီးရီးအေမှာ ဂိုးတွေ သွင်းယူထားနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ဂျူဗင်တပ် အသင်း အတွက် မိနစ်ပေါင်း ၃၈၉ မိနစ် ကြာ ချန်ပီယံလိဂ်မှာ ဂိုးမသွင်းထားနိုင်သေးတဲ့ ကစားသမား ဖြစ်ပါတယ်။

ဂျူဗင်တပ် အသင်း နည်းပြ အလီဂရီဟာ နည်းပြ ဘ၀ ချန်ပီယံလိဂ် အိမ်ကွင်း ၂၆ ပွဲမှာ ၁၆ ပွဲ အနိုင် ၉ ပွဲ သရေ ကျထားခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အိမ်ကွင်း ကွာတားဖိုင်နယ် တစ်ပွဲသာ ရှုံးထားပါတယ်။

ဒီည အတွက်တော့ ဂျူဗင်တပ် အသင်းကို ရွေးချယ်ထားပါတယ်။