ဗစ်တိုးရီးယားပလက်ဇန် vs ရီးရဲလ်မက်ဒရစ် ပွဲကြိုသုံးသပ်ချက်

ဗစ်တိုးရီးယားပလက်ဇန် vs ရီးရဲလ်မက်ဒရစ် ပွဲကြိုသုံးသပ်ချက်

November 7, 2018 0 Preview

ဗုဒ္ဓဟူးနေ့ ယနေ့ည ၂ နာရီ ၃၀ မိနစ်မှာ ကစားမယ့် ဗစ်တိုးရီးယားပလက်ဇန် အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ ချန်ပီယံလိဂ် ပွဲစဉ် အကြောင်းကို တင်ပြပေးလိုက်ရပါတယ်။

ဗစ်တိုးရီးယားပလက်ဇန်

အုပ်စုတွင်း အနေအထားအရ မျှော်လင့်ချက် နည်းနေပေမယ့် ဗစ်တိုးရီးယားပလက်ဇန် အသင်း အတွက်တော့ အားစိုက် ကစားမယ် ဆိုရင် ယူရိုပါလိဂ် ၀င်ခွင့် အတွက် မျှော်လင့်နိုင်ပါသေးတယ်။

ချန်ပီယံလိဂ် အုပ်စုတွင်း နိုင်ပွဲ မရသေးဘူး ဆိုပေမယ့် ခြေစွမ်းပိုင်းအားဖြင့်တော့ အုပ်စုတွင်း ပြိုင်ဘက်တွေ ဖြစ်တဲ့ ရိုးမား၊ ရီးရဲလ်မက်ဒ ရစ် အသင်းတို့လို အသင်းကြီးတွေကို ခံကန်နိုင်စွမ်းတော့ ရှိတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ချက်ကလပ် အသင်း ဖြစ်တဲ့ ဗစ်တိုးရီးယားပလက်ဇန် အသင်းဟာ ချန်ပီယံလိဂ် အိမ်ကွင်း ၁၇ ပွဲမှာ ၅ ပွဲသာ ရှုံးထားပြီး ပြိုင်ဘက် အသင်းတိုင်းကို ဖိအားပေးနေတဲ့ အသင်း တစ်သင်းလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်

လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းကတော့ ဒီရာသီမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နည်းပြ လိုပီတီဂူး ရာထူးကနေ ထုတ်ပယ်ခဲ့ရပြီး ယာယီ နည်းပြ ဆိုလာရီ လက်ထက်မှာ နိုင်ပွဲတွေတော့ ပြန်ရနေပေ မယ့် ယုံကြည်မှု အပိုင်းအရ လိုအပ်နေပါသေးတယ်။

အုပ်စုတွင်း အနေအထားအရ ရိုးမား အသင်းနဲ့ အတူ နောက်တစ်ဆင့် တက်ဖို့ သေချာနေတဲ့ ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့တော့ အုပ်စုဗိုလ်နေရာ အတွက် ဒီပွဲကို တော့ အာရုံစိုက် ကစားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ဆုံး ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားခဲ့တဲ့ ရီးရဲလ်မက် ဒရစ် အသင်း အနေအထားက အိမ်ကွင်း ကောင်းတဲ့ ဗစ်တိုးရီးယားပလက်ဇန် အသင်း အတွက် အခွင့်အရေး လည်း ဖြစ်သွားနိုင်ပါတယ်။

ကိုးကားချက်များနဲ့ ရွေးချယ်မှု

ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ ချက်မြေမှာ နောက်ဆုံး ကစားခဲ့တဲ့ ဥရောပ အဝေးကွင်း ပွဲစဉ်ကတော့ စပါ တာပရက် အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရထားခဲ့တဲ့ ၂၀၀၁ နိုဝင်ဘာလက ချန်ပီယံလိဂ် ပွဲစဉ် ဖြစ်ပါတယ်။

ဗစ်တိုးရီးယားပလက်ဇန် အသင်းဟာ ယူရိုပါလိဂ် နောက်ဆုံး ၄ ပွဲဆက် ရှုံးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာလ နောက်ပိုင်း အဓိက ဥရောပ ပြိုင်ပွဲတွေမှာ ၃ ပွဲဆက် မရှုံးထားခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ ချက်ကလပ်နဲ့ စပိန် ကလပ် ၉ ကြိမ် အထိ တွေ့ဆုံထားပြီး စပိန်ကလပ်အသင်းတွေက ရာနှုန်း ပြည့် အနိုင်ရထားခဲ့ကာ တစ်ပွဲကို အနည်းဆုံး ၂ ဂိုးစီ သွင်းထားခဲ့ပါတယ်။

ဗစ်တိုးရီးယားပလက်ဇန် အသင်း ချန်ပီယံလိဂ် သွင်းဂိုး ၁၃ ဂိုးမှာ ချက် ကစားသမား ၈ ဦးနဲ့ ဆလိုဗက်ကီးယား ကစားသမား ၅ ဦး အထိ သွင်းထားပါတယ်။

ဒီည အတွက်တော့ ဗစ်တိုးရီးယားပလက်ဇန် အသင်းကို ရွေးချယ်ထားပါတယ်။