ဘိုင်ယန်မြူးနစ် vs AEK အေသင် ပွဲကြိုသုံးသပ်ချက်

ဘိုင်ယန်မြူးနစ် vs AEK အေသင် ပွဲကြိုသုံးသပ်ချက်

November 7, 2018 0 Preview

ဗုဒ္ဓဟူးနေ့ ယနေ့ည ၂ နာရီ ၃၀ မိနစ်မှာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ AEK အေသင် အသင်းတို့ ချန်ပီယံလိဂ် ပွဲစဉ် အကြောင်းကို တင်ပြပေးသွားပါမယ်။

ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ် အသင်းဟာ ဒီရာသီ နည်းပြ နီကိုးလ်ကိုဗက် လက်ထက် ဘွန်ဒက်စ်လီဂါမှာလည်း အဓိက ပြိုင်ဘက် ဒေါ့မွန် အသင်းကို အမီလိုက်ဖို့် ရုန်းကန်နေရတဲ့ အသင်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာဆိုရင်လည်း နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲ အနိုင် တစ်ပွဲ သရေကျထားပြီး ၇ မှတ် ရရှိထားခဲ့ပါတယ်။

အုပ်စုတွင်း အနေအထား အရ ဘိုင်ယန်မြူးနစ် အသင်းဟာ အေဂျက် အသင်းနဲ့ ရမှတ်ချင်း တူနေပြီး ဂိုးကွာခြားချက်ကြောင့်သာ ဒုတိယ နေရာကို ရောက်နေတာပါ။

ပြီးခဲ့တဲ့ အဝေးကွင်း ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းဟာ AEK အေသင် အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားခဲ့ပြီး ဒီညမှာတော့ အိမ်ကွင်းမှာ ပြန်လည် ရင်ဆိုင်ရပါမယ်။

ဒါပေမယ့် ဘိုင်ယန်မြူး နစ် အသင်းဟာ ၂၀၀၁ ခုနှစ် နောက်ပိုင်း အိမ်ကွင်း ခြေစွမ်း အတော်လေးကို ကျဆင်းနေပြီး နောက်ဆုံး ၄ ပွဲ ဆက် နိုင်ပွဲပျောက်ထားခဲ့ပါတယ်။

AEK အေသင် အသင်းဟာ အုပ်စုတွင်းမှာ မျှော်လင့်ချက် ကုန်နေပြီ ဖြစ် ပေမယ့် လက်ရှိ ဘိုင်ယန်မြူးနစ် အသင်းရဲ့ အိမ်ကွင်း အားနည်းမှုက အိမ်ရှင် အသင်း အတွက် ဖိအားများ ဖြစ်သွားမလား ဆိုတာ ကြည့်ရပါမယ်။

AEK အေသင်

ဂရိကလပ် AEK အေသင် အသင်းဟာ အုပ်စုတွင်း ရမှတ် ၁ မှတ် ရကာ အုပ်စု နောက်ဆုံး ရောက်နေပြီး ဒီရာသီ ချန်ပီယံလိဂ်မှာ လမ်းဆုံးသွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်း ရဲ့ ဒီရာသီ ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေကို အခွင့်အရေး ယူပြီး ရသလောက် ဖိအားပေးမှာကတော့ သေချာနေ ပါတယ်။

ဂရိကလပ် AEK အေသင် အသင်းဟာ နောက်ဆုံး အဝေးကွင်း ၄ ပွဲ မရှုံးထားသလို ချန်ပီယံလိဂ် ခြေစစ်ပွဲတွေမှာတောင် အဝေးကွင်း မရှုံးထားခဲ့တဲ့ ပုံစံကောင်းတွေကြောင့် ဒီညမှာတော့ စောင့်ကြည့်ရမှာပါ။

ကိုးကားချက်များနဲ့ ရွေးချယ်မှု

AEK အေသင် အသင်းဟာ နောက်ဆုံး ဂျာမန်မြေမှာ ကစားခဲ့တဲ့ ဥရောပ ပွဲစဉ် အဖြစ် ၂၀၀၀ ခုနှစ် နိုဝင်ဘာလ က လေဗာကူဆင် အသင်းကို တစ်ဖက် ၄ ဂိုးစီ သရေကျထားခဲ့တဲ့ UEFA ဖလား ပွဲစဉ် ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်း အနေနဲ့ အေဂျက် အသင်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျတာဟာ ချန်ပီယံလိဂ် နောက်ဆုံး အိမ်ကွင်း အုပ်စု ၂၆ ပွဲမှာ ဒုတိယမြောက် နိုင်ပွဲပျောက်တဲ့ ပွဲစဉ် ဖြစ်ပြီး ၂၄ ပွဲ အထိ အနိုင်ရထား ပါတယ်။

AEK အေသင် အသင်းဟာ ဂျာမန်မြေမှာ ကစားခဲ့တဲ့ နောက်ဆုံး ဥရောပ ၄ ပွဲမှာ ၃ ပွဲရှုံး တစ်ပွဲ သရေကျထားပြီး နိုင်ပွဲ မရထားခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ ဂရိကလပ် အသင်းတွေနဲ့ နောက်ဆုံး ဥရောပ ၁၀ ပွဲစလုံး မရှုံးထားသလို နောက်ဆုံး အိမ်ကွင်း ၅ ပွဲမှာလည်း ၁၈ ဂိုး အထိ သွင်းထားပြီး ဂိုးမပေးထားရတဲ့ အသင်း ဖြစ်ပါတယ်။

ဒီည အတွက် ဘိုင်ယန်မြူးနစ် အသင်းကို ရွေးချယ်လိုက်ရပါတယ်။