မန်စီးတီး vs ရှက်တာဒိုးနက် ပွဲကြိုသုံးသပ်ချက်

မန်စီးတီး vs ရှက်တာဒိုးနက် ပွဲကြိုသုံးသပ်ချက်

November 7, 2018 0 Preview

ဗုဒ္ဓဟူးနေ့ ယနေ့ည ၂ နာရီ ၃၀ မိနစ်မှာ ကစားမယ့် မန်စီးတီး အသင်းနဲ့ ရှက်တာဒိုးနက် အသင်းတို့ ချန်ပီယံ လိဂ် ပွဲစဉ် အကြောင်းကို တင်ပြပေးသွားပါမယ်။

မန်စီးတီး

လိုင်ယွန် အသင်းကို ချန်ပီယံလိဂ် အိမ်ကွင်း အုပ်စု အဖွင့်ပွဲစဉ်မှာ ရှုံးခဲ့ပြီးနောက် မန်စီးတီး အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲစလုံးကို အနိုင်ရထားခဲ့ပါတယ်။

သူတို့ အသင်းဟာ လီဗာပူးလ် အသင်းကို အဝေး ကွင်းမှာ ဂိုးမရှိ သရေ ကျထားခဲ့တဲ့ ပွဲစဉ် နောက်ပိုင်း ပြိုင်ပွဲ အရပ်ရပ် နောက်ဆုံး ၁၀ ပွဲမှာ ၉ ပွဲ အထိ အနိုင် ရထားခဲ့ပါတယ်။

ကြားရက်က ဖူလ်ဟမ် အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာ မန်စီး တီး အသင်းဟာ အသင်း လူစာရင်းကို အပြောင်းအလဲ လုပ်ခဲ့ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ဆောက်သမ်တန် အသင်းကို ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရထားခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ ဟော့ဖန်ဟိန်း အသင်းနဲ့ ရှက်တာဒိုးနက် အသင်းတို့ကို အနိုင်ရထားခဲ့တဲ့ ပွဲစဉ်တွေ အပါအ၀င် နောက်ဆုံး ၁၀ ပွဲမှာ ၂၉ ဂိုး အထိ သွင်းထားခဲ့ပြီး ၂ ဂိုးသာ ဂိုးပေးထားရပါတယ်။

ရှက်တာဒိုးနက်

ယူကရိန်း ကလပ် ရှက်တာဒိုးနက် အသင်းဟာ အင်္ဂလန်မြေမှာ ရလဒ်မကောင်းတဲ့ အသင်း တစ်သင်း ဖြစ်သလို တစ်ကြိမ်တစ်ခါမှလည်း အနိုင်မရခဲ့ဖူးတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ကစားခဲ့တဲ့ နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲ အထိ ရှုံးထားခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ရှက်တာဒိုးနက် အသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံး အဝေးကွင်း ၉ ပွဲမှာ ၇ ပွဲ အထိ ရှုံးထားခဲ့ပြီး ဖီယင်နု အသင်းကို အနိုင်ရကာ လိုင်ယွန် အသင်းကို သရေကျထားပါတယ်။

ရှက်တာဒိုးနက် အသင်းဟာ နောက်ဆုံး ၅ နှစ် အတွင်း အဝေးကွင်း ၃ ပွဲသာ အနိုင်ရဖူးသလို အခု တစ်ကြိမ်မှာ တော့ နောက်ဆုံး အိမ်ကွင်း ၈ ပွဲမှာ ၂၇ ဂိုး အထိ သွင်းထားခဲ့တဲ့ မန်စီးတီး အသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

ကိုးကားချက်များနဲ့ ရွေးချယ်မှု

မန်စီးတီး အသင်းဟာ ရှက်တာဒိုးနက် အသင်းနဲ့ နောက်ဆုံး ချန်ပီယံလိဂ် ၃ ပွဲမှာ ၂ ပွဲ အနိုင် တစ်ပွဲ ရှုံးထားတဲ့ အသင်း ဖြစ်ပါတယ်။

ရှက်တာဒိုးနက် အသင်းဟာ အင်္ဂလန်မြေမှာ နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်း ၇ ပွဲမှာ တစ်ပွဲ သရေ ၆ ပွဲရှုံးထားပါတယ်။

မန်စီးတီး အသင်းကတော့ ၂၀၁၈ ခုနှစ် အတွင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ် အိမ်ကွင်း ပွဲစဉ် အဖြစ် ကစားခဲ့တဲ့ ဘေဆယ်၊ လီဗာပူးလ်နဲ့ လိုင်ယွန် အသင်းတွေကို ၂ ဂိုး ၁ ဂိုး ရလဒ်တွေနဲ့ ရှုံးထားခဲ့ပါတယ်။

ရှက်တာဒိုးနက် အသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံး အဝေးကွင်း ၉ ပွဲမှာ ၇ ပွဲ အထိ ရှုံးထားပြီး တစ်ပွဲ အနိုင် တစ်ပွဲ သရေ ကျထားခဲ့ပါတယ်။

ဒီည အတွက်တော့ မန်စီးတီး အသင်းကို ရွေးချယ်လိုက်ရပါတယ်။