မြန်မာ့ လက်ရွေးစင် အသင်းများ ဂျာစီ မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

မြန်မာ့ လက်ရွေးစင် အသင်းများ ဂျာစီ မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

November 7, 2018 0 AFF Suzuki Cup 2018

လာမယ့် AFF ဆူဇူကီး ဖလား ပြိုင်ပွဲ အပါအ၀င် နိုင်ငံတကာ ပြိုင်ပွဲများမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့ လက်ရွေးစင် အသင်းများရဲ့ ဂျာစီ မိတ်ဆက်ပြသပွဲ အခမ်းအနားကို ယခုလ ၆ ရက်နေ့ အင်္ဂါနေ့ ညပိုင်းက ပြုလုပ် ကျင်းပခဲ့ပါတယ်။

မြန်မာ့ လက်ရွေးစင် အသင်းများရဲ့ ဂျာစီ စပွန်ဆာ အဖြစ် ထိုင်းနိုင်ငံ အခြေစိုက် အားကစား ၀တ်စုံ ထုတ်လုပ်ရေး ကုမ္ပဏီ အမှတ်တံဆိပ် ဖြစ်တဲ့ Warrix Sports မှ ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။

မြန်မာ့ လက်ရွေးစင် အသင်းများရဲ့ ဂျာစီ စပွန်ဆာ အဖြစ်  စာချုပ် ချုပ်ဆိုမှုကို ယခုလ ၆ ရက်နေ့ နေ့လည်ပိုင်း ရန်ကုန်မြို့ နိုဗိုတယ်မက်စ်မှာ ပြုလုပ်ကျင်းပခဲ့ပြီး ယင်းနေ့ရဲ့ ညပိုင်းမှာတော့ မြန်မာ့ လက်ရွေးစင် အသင်းများရဲ့ ဂျာစီသစ်များကို နာမည်ကြီး ကစားသမားများ ဖြစ်တဲ့ အောင်သူ၊ မောင်မောင်လွင်နဲ့ ကျော်ဇင်ထက်တို့က ၀တ်စုံကာ မိတ်ဆက် ပြသခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့ မြန်မာပလာဇာမှာ ပြုလုပ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ Warrix Sports ဟာ မြန်မာ့ လက်ရွေးစင် အသင်းများရဲ့ ဂျာစီ စပွန်ဆာ အဖြစ်  ၆ နှစ်တာ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။