CSKA မော်စကို vs ရိုးမား ပွဲကြိုသုံးသပ်ချက်

CSKA မော်စကို vs ရိုးမား ပွဲကြိုသုံးသပ်ချက်

November 7, 2018 0 Preview

ဗုဒ္ဓဟူးနေ့ ယနေ့ည ၁၂ နာရီ ၁၅ မိနစ်မှာ ကစားမယ့် CSKA မော်စကို အသင်းနဲ့ ရိုးမား အသင်းတို့  ချန်ပီယံလိဂ် ပွဲစဉ် အကြောင်းကို တင်ပြပေးလိုက်လိုက်ရပါတယ်။

CSKA မော်စကို

ရီးရဲလ်မက်ဒရစ် အသင်းလို ၃ နှစ်ဆက် ချန်ပီယံကိုမှ အိမ်ကွင်းမှာ အနိုင်ရထားခဲ့တဲ့ CSKA မော်စကို အသင်းရဲ့ ခြေစွမ်းမျိုး ဒီညမှာ မြင်ရဦးမလား ဆိုတာ ကြည့်ရပါမယ်။

ဒီညမှာတော့ သူတို့ အသင်းဟာ အဝေးကွင်းမှာ ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးထားခဲ့တဲ့ ရိုးမား အသင်းကို အိမ်ကွင်းမှာ ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အုပ်စုတွင်း အနေ အထားအရ ယူရိုပါလိဂ် ၀င်ခွင့်ကိုဘဲ အဓိကထားရတော့မယ့် CSKA မော်စကို အသင်းဟာ ခြေစွမ်း ခြေစ ကောင်းတဲ့ အသင်း ဆိုပေမယ့် ချန်ပီယံလိဂ် နောက်ဆုံး ၁၈ ပွဲမှာ ၆ ပွဲ သရေ ၈ ပွဲ ရှုံး ရလဒ်ကတော့ ဖိအား များမယ့် အနေအထား ဖြစ်ပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်လို လက်ရှိ ချန်ပီယံကို အနိုင်ရထားခဲ့သလို CSKA မော်စကို အသင်း အနေနဲ့ အိမ်ကွင်းမှာ မထင်မှတ်တာတွေ လုပ်ပြနိုင်မလား ဆိုတာ ကြည့်ရပါမယ်။

ရိုးမား

ပြီးခဲ့တဲ့ ရာသီက ဆီမီးဖိုင်နယ် အထိ တက်ရောက်ခဲ့တဲ့ ရိုးမား အသင်းဟာ ဒီရာသီမှာလည်း အုပ်စု အဆင့်မှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ရမှတ် ၆ မှတ်ချင်း တူနေပါတယ်။

အုပ်စု အနေအထားအရ ဒီ ၂ သင်းဘဲ တက်မြှ ဆိုပေမယ့် ရိုးမား အသင်း အနေနဲ့ တကယ်လို့များ ဒီညမှာ အနိုင်ရခဲ့ရင်တော့ ယာယီအားဖြင့် အုပ်စုဗိုလ် နေရာ အတွက်ကို မျှော်လင့်ခွင့် ရှိနေပါတယ်။

၂၀၁၈ ခုနှစ် အတွင်း ချန်ပီယံလိဂ်မှာ ၁၀ ဂိုး အထိ သွင်းထားခဲ့တဲ့ တိုက် စစ်မှူး အီဒင်ဇက်ကိုနဲ့ အတူ ရိုးမား အသင်း အနေနဲ့ ဘယ်အတိုင်းအတာ တစ်ခု အထိ လုပ်ပြနိုင်မလဲ ဆိုတာ ကြည့်ရပါမယ်။

ရိုးမား အသင်း အတွက်ကလည်း ဒီပွဲပြီးရင် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အိမ်ကွင်းမှာ တွေ့ရမှာ ဆိုတော့ ဒီည ပွဲကိုသာ အနိုင်ရထားခဲ့ရင် သူတို့ အတွက်တော့ နောက်ပွဲ ဖိအားကင်းမယ်လို့ ယူဆရပါတယ်။

ကိုးကားချက်များနဲ့ ရွေးချယ်မှု

ရိုးမား အသင်းဟာ CSKA မော်စကို အသင်းနဲ့ နောက်ဆုံး အဝေးကွင်း ၂ ပွဲစလုံး မရှုံးထားသလို ၁၉၉၁ ခုနှစ် စက်တင်ဘာလက ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရထားခဲ့သလို ၂၀၁၄ နိုဝင်ဘာလက ပွဲစဉ်မှာ တစ်ဖက် တစ်ဂိုး စီ သရေကျထားခဲ့ပါတယ်။

CSKA မော်စကို အသင်းကတော့ ရိုးမား အသင်းနဲ့ နောက်ဆုံး အိမ်ကွင်း ၅ ပွဲမှာ တစ်ပွဲသာ အနိုင်ရထားပြီး ၁၉၉၁ ခုနှစ် အောက်တိုဘာလက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားခဲ့တဲ့ ပွဲစဉ် ဖြစ်ပါတယ်။

ရိုးမား အသင်းနဲ့ အဝေးကွင်း ပွဲစဉ်မှာ CSKA မော်စကို အသင်းဟာ ပျမ်းမျှ အသက် ၂၃ နှစ် ၉၂ ရက်သာ ရှိတဲ့ ပွဲထွက် လူစာရင်းကို ခင်းကျင်းခဲ့ပြီး ၂၀၁၄ နိုဝင်ဘာလ နောက်ပိုင်း အသက်အငယ်ဆုံး ပွဲထွက်စာရင်း ဖြစ်ခဲ့ ပါ တယ်။

ဒီည အတွက်တော့ ရိုးမား အသင်းကို ရွေးချယ်လိုက်ရပါတယ်။