အတ္တလန္တာ vs နာပိုလီ ပွဲကြိုသုံးသပ်ချက်

အတ္တလန္တာ vs နာပိုလီ ပွဲကြိုသုံးသပ်ချက်

December 3, 2018 0 Preview

တနင်္လာနေ့ ယနေ့ည ၂ နာရီ အချိန်မှာ ကစားမယ့် အတ္တလန္တာ အသင်းနဲ့ နာပိုလီ အသင်းတို့ စီးရီးအေ ပွဲစဉ် အကြောင်းကို တင်ပြပေးသွားပါမယ်။

အတ္တလန္တာ

အတ္တလန္တာ အသင်းဟာ ပြီးခဲ့တဲ့ အပတ်က အမ်ပိုလီ အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးခဲ့ပြီး နောက်ဆုံး ၄ ပွဲဆက် အနိုင်ရမယ့် စံချိန် အနေအထားကနေ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

အင်တာမီလန်လို အသင်းကြီးကို အိမ် ကွင်းမှာ ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရထားခဲ့တဲ့ အတ္တလန္တာ အသင်း အတွက် အမ်ပိုလီ အသင်းနဲ့ ပွဲက ရှုံးနိမ့်မှုကတော့ မဖြစ်သင့်တဲ့ အနေအထား တစ်ခုလို့ ပြောရပါမယ်။

အတ္တလန္တာ အသင်းဟာ ဒီရာသီမာ အိမ်ကွင်းကောင်းတဲ့ အသင်း တစ်သင်း ဖြစ်ပြီး နောက်ဆုံး ၆ ပွဲမှာ ၂ ပွဲသာ ရှုံးထားခဲ့သလို ၁၁ ဂိုး သွင်းယူကာ ၂ ဂိုးသာ ပေးထား ရပါတယ်။

ဒီလို အိမ်ကွင်းကောင်းတဲ့ အနေအထားက လက်ရှိ ချန်ပီယံ ဂျူဗင်တပ် အသင်းကို လိုက်လံ ဖိအား ပေးနေတဲ့ နာပိုလီ အသင်းကို အတ္တလန္တာ အသင်း အနေနဲ့ ဘယ်လို ရင်ဆိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

နာပိုလီ

အမှတ်ပေးဇယား ထိပ်ဆုံးက ဂျူဗင်တပ် အသင်းကို လိုက်လေ ဝေးလေ ဖြစ်နေပေမယ့် နာပိုလီ အသင်းဟာ စီးရီးအေမှာတော့ ရလဒ်ကောင်း တစ်ခုရအောင် ကြိုးစားတတ်တဲ့ အသင်း ဖြစ်ပါတယ်။ နောက်ဆုံး ကစားထား ခဲ့တဲ့ ပွဲစဉ်မှာတော့ နာပိုလီ အသင်းဟာ အိမ်ကွင်း စီးရီးအေ ပွဲစဉ်မှာတော့ ချီယေဗို အသင်းကို ဂိုးမရှိ သရေကျ ထားခဲ့ပါတယ်။ နာပိုလီ အသင်းဟာ ဒီရာသီ စီးရီးအေမှာ အိမ်ကွင်းထက် အဝေးကွင်း ပိုကောင်းတဲ့ အသင်း ဖြစ်ပြီး အဝေးကွင်း နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရထားပါတယ်။ နာပိုလီ အသင်းရဲ့ အဝေးကွင်း ကောင်းမှုဟာ ဒီည အတ္တလန္တာ အသင်းရဲ့ အိမ်ကွင်း အားကောင်းမှုနဲ့ အစမ်းသပ်ခံရမယ့် ပွဲစဉ်လို့ ဆိုရပါမယ်။

ကိုးကားချက်များနဲ့ ရွေးချယ်မှု

ဒီရာသီ စီးရီးအေမှာ အတ္တလန္တာ အသင်းဟာ ဂျူဗင်တပ် အသင်းပြီးရင် ဒုတိယမြောက် ဘောလုံးထိချက် အများဆုံး အသင်း ဖြစ်ပါတယ်။

အတ္တလန္တာ အသင်းဟာ ဒီရာသီ စီးရီးအေမှာ သွင်းဂိုး ၂၅ ဂိုး အထိ ရှိထားပြီး ၁၃ ဂိုး ရရှိထားခဲ့တဲ့ ၁၉၅၅-၁၉၅၆ ရာသီ နောက်ပိုင်း အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်ပါတယ်။

နာပိုလီ အသင်းဟာ ဒီရာသီ စီးရီးအေမှာ နောက်ခံလူတွေ သွင်းယူခဲ့တဲ့ ဂိုးမရှိသေးသလို အတ္တလန္တာ အသင်း ကတော့ ယင်းကဲ့သို့ ဂိုးစုစုပေါင်း ၁၀ ဂိုး အထိ ရှိထားပါတယ်။

ဒီညတော့ အတ္တလန္တာ အသင်းကို ရွေးချယ်ထားပါတယ်။