အသင်းဟောင်း မိုချန်ဂလာဘတ်နဲ့ သတင်းထွက်နေတဲ့ ခရစ္စတီယန်ဆန်

အသင်းဟောင်း မိုချန်ဂလာဘတ်နဲ့ သတင်းထွက်နေတဲ့ ခရစ္စတီယန်ဆန်

December 3, 2018 0 Bundesliga

ချဲလ်ဆီး အသင်းမှာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေတဲ့ နောက်ခံလူ ခရစ္စတီယန်ဆန်ဟာ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ အသင်းဟောင်း မိုချန်ဂလာဘတ်သို့ ပြန်ရောက်မယ်လို့ သတင်းထွက်နေပါတယ်။

ပြီးခဲ့တဲ့ ရာသီက အသင်း နည်းပြ အန်တိုနီယိုကွန်တီ လက်ထက်မှာ နောက်ခံလူ ခရစ္စတီယန်ဆန်ဟာ အသင်းမှာ အဓိ က ကစားသမား တစ်ဦး ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ အသက် ၂၂ နှစ် အရွယ်ရှိ ဒိန်းမတ် ခံစစ်မှူး ဖြစ်သူဟာ ယခုရာသီ အသင်း နည်းပြ မော်ရူဇီယိုဆာရီ လက်ထက်မှာတော့ အရန်ခုံ ထိုင်နေရ များနေသူ ဖြစ်ပါ တယ်။

အသင်း နည်းပြ မော်ရူဇီယိုဆာရီ လက်ထက်မှာတော့ နောက်တန်း ခံစစ် ၃ ဦးသာ ထားတဲ့ ကစား ကွက်ကို သုံးနေတာ ဖြစ်ပြီး အသင်း နောက်တန်းမှာတော့ ဒေးဗစ်လူးဝစ်ဇ်နဲ့ ရူဒီဂါတို့ ၂ ဦးက ပုံမှန် ပွဲထွက်ခွင့် ရရှိနေတာ ဖြစ်ပါတယ်။

နောက်ခံလူ ခရစ္စတီယန်ဆန်ကို ဘာစီလိုနာ အသင်းကလည်း ခေါ်ယူဖို့ အတွက် ကမ်း လှမ်းခဲ့ဖူးသလို အေစီမီလန် အသင်းကလည်း စိတ်ဝင်စားနေပါတယ်။

ချဲလ်ဆီး အသင်း အနေနဲ့လည်း ဒီကစားသမားကို လာမယ့် ဇန်န၀ါရီမှာ ကလပ်အသင်း တစ်ခုထံသို့ အဌားချထားဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။