နုရင်ဘတ် vs လေဗာကူဆင် ပွဲကြိုသုံးသပ်ချက်

နုရင်ဘတ် vs လေဗာကူဆင် ပွဲကြိုသုံးသပ်ချက်

December 3, 2018 0 Preview

တနင်္လာနေ့ ယနေ့ည ၂ နာရီ အချိန်မှာ ကစားမယ့် နုရင်ဘတ် အသင်းနဲ့ လေဗာကူဆင် အသင်းတို့ ဘွန်ဒက်စ် လီဂါ ပွဲစဉ် အကြောင်းကို တင်ပြပေးသွားပါမယ်။

နုရင်ဘတ်

နုရင်ဘတ် အသင်းကတော့ ဒီရာသီ အမှတ်ပေးဇယား တန်းဆင်းဇုန်နဲ့ အနီးဆုံးမှာ ရောက်နေပါတယ်။

နောက်ဆုံး ကစားထားခဲ့တဲ့ ရှော်လ်ကေး အသင်းနဲ့ အဝေးကွင်း ပွဲစဉ်မှာ ၅ ဂိုး ၂ ဂိုးဖြင့် ရှုံးထားခဲ့ပြီး လက်ရှိ ဘွန်ဒက်စ်လီဂါမှာ အားအနည်းဆုံး ခံစစ်ကို ပိုင်ဆိုင်ထားခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

နုရင်ဘတ် အသင်းဟာ ဒီရာသီ ပွဲစဉ် ၁၃ ပွဲ ကစားထားခဲ့ရာမှာ ၂ ပွဲ အနိုင် ၄ ပွဲ သရေ ၆ ပွဲ ရှုံးထားခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

အမှတ်ပေးဇယား ရပ်တည်မှု အဆင့် ၁၆ နေရာမှာ ရပ်တည်နေပြီး အပေါ်က အသင်းတွေနဲ့ အမှတ်က မပြတ်သေးတဲ့ အတွက် နုရင်ဘတ် အသင်း အနေနဲ့ လာမယ့် ပွဲတွေကို အနိုင်ကစားပြီး တန်းဆင်းဇုန်နဲ့ ဝေးရာ ကို လွတ်နိုင်မယ့် မျှော်လင့်ချက်တော့ ရှိနေပါတယ်။

နုရင်ဘတ် အသင်းဟာ ဒီညမှာတော့ လေဗာကူဆင် အသင်းနဲ့ အဝေးကွင်း ပွဲစဉ်ကို ကစားရမှာလည်း ဖြစ်ပါတယ်။

လေဗာကူဆင်

လေဗာကူဆင် အသင်းဟာ ဒီရာသီ အသင်းကောင်း တစ်သင်း အဖြစ် ရပ်တည်နေတယ်ဆိုပေမယ့် ခြေစွမ်းပိုင်း ကတော့ တည်ငြိမ်မှု မရှိပါဘူး။

သူတို့ အသင်းဟာ နောက်ဆုံး ကစားထားခဲ့တဲ့ စတုဂတ် အသင်းနဲ့ အိမ်ကွင်း ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားခဲ့ပြီး ဒီရာသီ အသင်းရဲ့ နောက်ဆုံး ၁၂ ပွဲမှာ ၄ ပွဲမြောက် အနိုင်ရလဒ် ဖြစ် လာခဲ့ပါတယ်။

ဒီရာသီ အနေအထားအရ ဂျာမန်ပိုကယ်ဖလားနဲ့ ယူရိုပါလိဂ် ဖလားတွေမှာသာ ပုံစံကောင်းတွေ ပြသတတ်တဲ့ လေဗာကူဆင် အသင်းဟာ ဘွန်ဒက်စ်လီဂါမှာတော့ အဆိုးဆုံးတော့ မဟုတ်ပေမယ့် ရုန်းကန်နေ ရတဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။

လေဗာကူဆင် အသင်းဟာ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေပြီး ၄ ပွဲ အနိုင် ၂ ပွဲ သရေ ၆ ပွဲ ရှုံးထားပါတယ်။

ကိုးကားချက်များနဲ့ ရွေးချယ်မှု

လေဗာကူဆင် အသင်းဟာ နုရင်ဘတ် အသင်းနဲ့ နောက်ဆုံး ကစားထားခဲ့တဲ့ ၂၀၁၄ ခုနှစ်က ပွဲစဉ်မှာတော့ ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရထားခဲ့ပါတယ်။

လေဗာကူဆင် အသင်းဟာ နုရင်ဘတ် အသင်းနဲ့ နောက်ဆုံး ဘွန်ဒက်စ်လီဂါ ၅ ပွဲမှာ ၅ ပွဲစလုံး အနိုင်ရထားပြီး တိုက်စစ်က ၁၄ ဂိုး အထိ သွင်းယူထားခဲ့ပါတယ်။

နုရင်ဘတ် အသင်းဟာ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၆ ပွဲစလုံး နိုင်ပွဲပျောက်ထားပြီး ၂ ပွဲ သရေ ၄ ပွဲရှုံးထားကာ နောက်ဆုံး အိမ်ကွင်း ၃ ပွဲမှာလည်း တစ်ပွဲ သရေ ၂ ပွဲ ရှုံးထားပါတယ်။

လေဗာကူဆင် အသင်းဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၇ ပွဲမှာ ၅ ပွဲ အထိက ၂ ဂိုး သို့မဟုတ် ၂ ဂိုးနဲ့ အထက် သွင်းယူထားခဲ့ပါတယ်။

ဒီည အတွက်တော့ လေဗာကူဆင် အသင်းကို ရွေးချယ်ထားပါတယ်။