မန်စီးတီးအသင်း ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းကြောင့် ဥရောပပြိုင်ပွဲများမှ ပိတ်ပင်ခံရဖွယ်ရှိ

December 4, 2018 0 Football News

 

မန်ချက်စတာစီးတီးအသင်းသည် ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးဆိုင်ရာ Fair Play စည်းမျဉ်းများကို ချိုးဖောက်ကြောင်းတွေ့ရှိပါက ဥရောပဘောလုံးပြိုင်ပွဲများမှ ပိတ်ပင်ခံရဖွယ်ရှိနေသည်။

ဘောလုံးလောကအတွင်းမှ ခိုင်မာသည့်သတင်းများအရ မန်ချက်စတာစီးတီးအသင်းသည် ပြီးခဲ့သည့်လတွင် သူတို့အသင်း၏ စပွန်ဆာများမှ  အဆမတန်ငွေကြေးများရရှိခြင်းကြောင့်  ဥရေပဘောလုံးအဖွဲ့ချုပ်၏ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခြင်းရှိ၊ မရှိ သိရှိစေရန် စုံစမ်းစစ်ဆေးမှု ခံယူရန်အမိန့်ထုတ်ခံထားရသည်။

၂၀၁၄ ခုနှစ်တွင် ဘဏ္ဍာရေးဆိုင်ရာ သန့်ရှင်းရေး စည်းမျဉ်းများကြောင် မန်စီးတီးအသင်းသည် ဥရေပ ဘောလုံး အဖွဲ့ချုပ်သို့ ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ သန်း ၅၀ ပေးဆောင်ခဲ့ရသည်။

လွန်ခဲ့သည့် သုံးပတ်က သတင်းအချက်အလက် အသစ်များအရ ထိုအမှုကို ပြန်လည်ဖွင့်လှစ်စေပြီး ဥရောပဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

စည်းမျဉ်းများကို ဖောက်ပြန်ကြောင်း တွေ့ရှိရပါက အရေးယူရန်ပြင်ဆင်ထားကြောင်း ဥရောပ ဘောလုံးအဖွဲပချုပ် ဥက္ကဌ အလက်ဇန်းဒါး စီဖီရင်က အတည်ပြုပြောကြားခဲ့သည်။

“ အခြေအနေတွေကို ကျွန်တော်တို့ ပြန်သုံးသပ်နေပါတယ်၊ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ရပ်နဲ့ ကျွန်တော်တို့ ဒီကိစ္စကို ကိုင်တွယ်နေပါတယ်၊ သိပ်မကြာခင်မှာ ဒီလိုခိုင်မာတဲ့ ကိစ္စရပ်ပေါ်မှာ ဘယ်လို ဖြစ်ပေါ်လာမလဲဆိုတာ ခင်ဗျားတို့ အဖြေသိရတော့မှာပါ” ဟို ပြောဆိုခဲ့သည်။

၂၀၁၆ခုနှစ် မတ်လတွင် ဂါလာတာစာရေးအသင်းသည် ဥရောပ ဘောလုံးအဖွဲ့ချုပ်၏ ဘဏ္ဍာရေးဆိုင်ရာ သန့်ရှင်းရေး စည်းမျဉ်းများကြောင့် ဥရောပပြိုင်ပွဲများမှ ပိတ်ပင်ခံခဲ့ရသည်။