ယူနိုက်တက်အသင်းနှင့် ရလဒ်ဖြင့် အာဆင်နယ် အသင်း၏ တိုးတက်မှုကို တိုင်းတာနိုင်လိမ့်မည်ဟု အူနိုင်းအမ်မရီပြော

December 4, 2018 0 Premier League

လာမည့်ဗုဒ္ဓဟူးနေ့တွင် ယှဉ်ပြိုင်ရမည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ရလာဒ်သည် ယခုရာသီအတွက် အဆုံးအဖြတ်ပေးနိုင်မည့် အလှည့်အပြောင်းတစ်ရပ်ဖြစ်လာလိမ့်မည်ဟု ယုံကြည်နေကြောင်း ပြောဆိုလိုက်သည်။

 

အိုးထရက်ဖို့တွင် ယှဉ်ပြိုင်ကစားရမည့် အာဆင်နယ် အသင်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမ်းမရိကွင်းတွင် လေးဂိုး၊ ၂ဂိုးဖြင့် စပါးအသင်းကို အနိုင်ရခဲ့ခြင်းကြောင့် စိတ်ဓတ်ရေးရာ တက်ကြွနေသည်။

 

အိုးထရက်ဖို့တွင် ဂမ်းနားတို့ နောက်ဆုံးအနိုင်ရခဲ့သည့်ပွဲမှာ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလက ဖြစ်ပြီိး ထိုပွဲတွင် အဒီဘာယောက တစ်ဂိုးသွင်းယူပေးခဲ့က ထိုစဉ်က နည်းပြ အာစင်ဝင်းဂါးအတွက် နောက်ကျအနိုင်ပွဲတစ်ပွဲကို ရယူပေးနိုင်ခဲ့သည်။

 

သို့သော် အာဆင်နယ်အသင်းမှာ ယခုအခါတွင် ပြီးခဲ့သည့် တင်္နဂနွေက ဆောက်သင်တမ် အသင်းနှင့် ၂ဂိုးစီသရေကျခဲ့သော ဟိုဆေးမော်ရင်ဟို၏ ယူနိက်တက်ထက် ရှစ်မှာ အသာ ရရှိနေကာ ၁၉ပွဲ ရှုံးပွဲမရှိပဲ အမှတ်ပေးဇယားတွင် တတိယနေရာရရှိနေသည်။

 

“ လာမယ့်ဗုဒ္ဓဟူးနေ့ဟာ ကျွန်တော်တို့အတွက် တကယ့်ကို စိန်ခေါ်မှုပါပဲ၊ ဒါဟာ ကျွန်တော်တို့ အခြေအနေကောင်းတယ် သို့မဟုတ် လိုအပ်မှုတွေ ရှိသေးတယ်ဆိုတာ အတည်ပြုပေးမယ့်ပွဲပါ”

 

“ ဒီပွဲက နိုင်ဖို့ခက်ပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ကစားသမားကောင်းတွေ အများကြီး ရှိတဲ့ အသင်းကြီးတစ်သင်း ဖြစ်လို့ပါ၊ သူတို့ကို တွန်းအားပေးနေတဲ့ ဝန်းကျင်လည်းရှိပါတယ်။ ဒါပေမဲ့ တကယ့်ကို စိတ်လှုပ်ရှားစရာပွဲတစ်ပွဲ ဖြစ်လာမှာပါ၊ ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုကလည်းကြီးပါတယ်” ဟု အူနိုင်းအမ်မရီက ပြောသည်။

 

အာဆင်နယ်အသင်း စပါးကို အနိုင်ရခဲ့ရာတွင် များစွာသောလွှမ်းမိုးမှုများနှင့် မမျှော်လင့်သော မတော်တဆမှုများစွာလည်း ရှိနေခဲ့ကာ အသင်းအတွက် ပထမဆုံးဂိုးသွင်းခဲ့ကာ အောင်ပွဲခံနေသော အူဘာမီယန်းရှေ့သို့ ငှက်ပျော်ခွံတစ်ခု ပစ်ချခဲ့ခြင်းလည်း အပါအဝင်ဖြစ်သည်။ ထိုအပြုအမှုကို လက်ခံနိုင်ဖွယ်ရာ မရှိဟို အူနိုင်းအမ်မရီက တုံ့ပြန်ခဲ့သည်။