ယူနိုက်တက် ထိပ်တန်း လေးသင်းထဲဝင်ပါက ဆန်းကြယ်သည့် ကိစ္စဖြစ်လိမ့်မည်ဟု မော်ရင်ဟိုပြော

ယူနိုက်တက် ထိပ်တန်း လေးသင်းထဲဝင်ပါက ဆန်းကြယ်သည့် ကိစ္စဖြစ်လိမ့်မည်ဟု မော်ရင်ဟိုပြော

December 4, 2018 0 Football News, Premier League

 

 

မန်ချက်စတာယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်၌ ထိပ်တန်းလေးသင်း အဆင့်ဝင်ပါက ထူးခြားဆန်းကျယ်မှုတစ်ဖြစ်လိမ့်မည်ဟို ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်သည်။

၂၀၁၇/၁၈ ဘောလုံးရာသီက မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနောက်တွင် ၁၉မှတ်အကွာဖြင့် ဒုတိယ ရရှိခဲ့သော မန်ချက်စတာယူနိုက်တက်က ယခုနှစ်ဘောလုံးရာသီတွင် စတုတ္ထနေရာမှ အာဆင်နယ်နှင့် ရှစ်မှတ်ကွာနေပြီး အမှတ်ပေးဇယားတွင် သတ္တမ နေရာတွင် ရောက်ရှိနေသည့်အပြင်၊ ယခုလာမည့် ဗုဒ္ဓဟူးနေ့၌ ထိုနှစ်သင်း ထိပ်တိုက်ဆုံတွေ့ကြရဦးမည် ဖြစ်သည်။

မော်ရင်ဟို၏ အသင်းသည် နိုဝင်ဘာလ ၃ရက်နေ့ ဘုန်းမောက်နှင့်ပွဲတွင် ၂ဂိုး၊ ၁ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက်ပိုင်းတွင် ချန်ပီယံလိဂ် အုပ်စုအဆင့်မှ တက်ရောက်နိုင်ခဲ့သော်လည်း ထပ်မံ အနိုင်ပွဲ ရရှိခဲ့ခြင်း မရှိတော့ကာ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၂ပွဲဖြစ်သည့် ခရစ္စတယ်ပဲလေ့စ်နှင့် ဆောက်သင်မ်တန်တို့ကို သရေသာရရှိခဲ့သည်။

“ ပြီးခဲ့တဲ့ နှစ်က ဒုတိယရတော့ ဒါဟာ ပျော်စရာကောင်းတယ်၊ ကျွန်တော်တို့ ဒုတိယ ရခဲ့တာက ဒီနေရာကို ယှဉ်လုနေတဲ့အသင်းတွေနှင့် နှိုင်းယှဉ်လိုက်ရင် ကျွန်တော်တို့က အရည်အသွေးကောင်းမွန်လို့ လို့ ကျွန်တော်ပြောခဲ့တယ်။” ဟိုမော်ရင်ဟိုက မီဒီယာသို့ပြောကြားသည်။

ပရီးမီးယားလိဂ် ချန်ပီယံ ၁၃ ကြိမ်ဖြစ်ခဲ့သော အသင်းသည့် ကစားသမားများ၏ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ကြောင့် ကာရာဘိုဖလားတတိယအဆင့်တွင် ဒါဘီကောင်တီကို ရှုံးနိမ့်ကာထွက်ခွာခဲ့ရခြင်း ကြောင့် မော်ရင်ဟို၏ အနေအထားအတွက် ပြစ်တင်ပြောဆိုမှုများ တိုးပွားခဲသည်။

ပြီးခဲ့သည့် ရာသီက ၎င်းပြောဆိုခဲ့သော စကားကို ပြန်လည်ကိုးကားရလျှင် “ ရနိုင်သလောက် နိုင်ပွဲတွေရပြီး အမှတ်တွေတိုးဖို့ ကြိုးစားခဲ့ရတယ်၊ အဆုံးသတ်မှာ ထိပ်တန်းလေးသင်းစာရင်းဝင်ရင် အဆန်းတကြယ် ကိစ္စရပ်ဟု” ၎င်းက ပြောဆိုခဲ့သည်။

သို့သော် အသင်း၏ ဝါရင့်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ယူနိုက်တက်အနေဖြင့် ဒီရာသီတွင် ယူရိုပါလိဂ် ဝင်ခွင့်ရရေးအတွက်သာ ကြိုးစားသင့်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် လျစ်လျုရှုထားသင့်သည်ဟု ထောက်ပြခဲ့သည်။

“ ခင်ဗျားသာ မန်ချက်စတာယူနိုက်တက်ဆိုရင် ဘယ်နေရာမှာလဲပြန်ကြည့်၊ သူတို့ စနေနေ့က ဆောက်သင်တမ်နဲ့ ကစားပုံကို ပြန်ကြည့်ကြည့်ဦး သူတို့( အာဆင်နယ်၊ တော့တင်ဟမ်) ရဲ့ မိုင်တစ်ရာ အကွာအဝေးမှာ ရှိနေတယ်” လို့ ပြင်းပြင်ထန်ထန်ဝေဖန်ခဲ့သည်။

ယူနိုက်တက်ဟာ ထိပ်တန်းလေးသင်းထဲရောက်ဖို့ အများကြီး တိုက်ပွဲဝင်ရမယ်၊ ဒီအချိန်မှာ ယူရာပါလိဂ်နေရာအတွက်ရောပဲ ဟု ၎င်းက ဆိုခဲ့သည်။