ဝက်ဖို့ဒ်နဲ့ မန်စီးတီး ပွဲကြိုသုံးသပ်ချက်

ဝက်ဖို့ဒ်နဲ့ မန်စီးတီး ပွဲကြိုသုံးသပ်ချက်

December 4, 2018 0 Premier League

 

ဒီဇင်ဘာ ၄ ရက်နေ့ အင်္ဂါနေ့ညမှာ ကစားမယ့် ဝက်ဖို့ဒ်နဲ့ မန်စီးတီးတို့ ပွဲ့ရဲ့ ပွဲကြိုသုံးသပ်ချက်ကို တင်ပြပေးသွားပါ့မယ်။

ဝက်ဖို့ဒ်

ဝက်ဖို့ဒ်အသင်းစာ အောက်တိုဘာလကတည်းက နိုင်ပွဲမရရှိခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လေးပွဲမှာ ၁ဂိုး ဂိုးမရှိနဲ့ နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ အနိုင်ရရှိထာပြီး အဲ့ဒီပွဲမတိုင်ခင်ကတော့ ဆောက်သင်တမ်အသင်းနဲ့ တစ်ဂိုးစီသရေကျထားခဲ့ပါတယ်။ အိမ်ကွင်းမှာ ဆယ်ယောက်ထဲရှိတဲ့ လီဗာပူးအသင်းကို ၃ဂိုး၊ ဂိုးမရှိနဲ့အပြင် အဝေးကွင်းမှာ လီဆက်စတာအသင်းကို ၂ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးကတည်းက ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး

မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ ချန်ပီယံလိဂ်မှာ လိုင်ယွန်ကို နှစ်ကျော့ပေါင်း အနိုင်ရခဲ့ပေမယ့်လည်း လိုင်ယွန်ကွင်းမှာ နောက်ကျဂိုး၂ဂိုးလိုက်သွင်းပြီး သရေကျခဲ့ရတာပါ။ ဒါပေမဲ့လည်း မန်စီးတီးရဲ့ အနိုင်ရရှိမှုက ဆက်လက်ချီတက်နေတုန်းပါပဲ။ ဒေးဗစ်ဆေးလ်ဗား၊ ရာဟီးမ်စတားလင်း နဲ့ လီရွိုင်း ဆာနေတို့ သွင်းယူတဲ့ဂိုးတွေနဲ့ ဝက်စ်ဟ်းအသင်းကို ၄ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီး ပြီးခဲ့တဲ့ အပတ်ကလည်း ဘာနေဒို ဆေးလ်ဗား၊ စတာလင်းနဲ့ ဂွမ်ဒိုဂန်တို့ရဲ့ သွင်းဂိုးတွေနဲ့ အိမ်ကွင်းမှာ ဘုန်းမောက်အသင်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။

 

ဖြစ်နိုင်ဖွယ်ရာလူစာရင်း

မန်စီးတီး

ကစားကွက် – ၄-၃-၃

ဂိုး – အီဒါဆော့ဒ်

နောက်တန်း – ကိုင်လီဝေါ့လ်ကာ၊ ဂျွန်စတုန်း၊ လာပေါ်တီ၊ ဖာဘီယန် ဒယ်လ်ဖ်

အလယ်တန်း – ဘာနေဒို ဆေးလ်ဗား၊ ဖာနန်ဒင်ဟို၊ ဒါဗီဆေးလ်ဗား

ရှေ့တန်း – ရာဟီးမ် စတာလင်း၊ ဆာဂျီယို အဂွဲရို၊ လီရွိုင်ဆာနေ

 

ဝက်ဖို့ဒ်

ကစားကွက်  – ၄ -၃ -၃

ဂိုး – ဘန်းဖော်စတာ

နောက်တန်း – ကီကို ဖာမီနီယား၊ အက်ဒရီယန် မာရီယာပါ့၊ ကားရစ် ကတ်ကာ့၊ ဂျို့စ် ဟိုးလ်ဘတ်

အလယ်တန်း – ဝီလ်ဟုခ်ျ၊ နသန်နီယယ် ချာလိုဘတ်ခ်ျ၊ အဗ္ဗဒူလာရီ ဒူကိုရီ

ရှေ့တန်း –  ဂျရတ် ဒီလော့ဖ်၊ အန်ဒရီ ဂရေး၊ ရောဘတ်တို ပရေရာ

 

နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု

၂၊ ဇန်နဝါရီ၊ ၂၀၁၈ – မန်စီးတီး ၃ – ၁ ဝက်ဖို့
၁၆၊ စက်တင်ဘာ၊ ၂၀၁၈ – ဝက်ဖို့ဒ် ၀ – ၆ မန်စီးတီး
၂၁၊ မေ၊ ၂၀၁၇ – ဝက်ဖို့ဒ် ၀ – ၅ မန်စီးတီး

၁၄၊ဒီဇင်ဘာ၊ ၂၀၁၆ – မန်စီိးတီး ၂ – ၀ ဝက်ဖို့ဒ်

၂၊ ဇန်နဝါရီ၊ ၂၀၁၆ – ဝက်ဖို့ဒ် ၁ – ၂ မန်စီိးတီး

 

ပွဲရလဒ်ခန့်မှန်းချက်နဲ့ ရွေးချယ်မှု

မန်စီးတီအသင်းဟာ လိဂ်ပွဲမှာ ရနေတဲ့ သူ့တို့ရဲ့ အောင်မြင်မှုကိုပဲ ဆက်လက် ထိမ်းသိမ်းသွားဖွယ်ရှိနေပြီး၊ ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း သူတိုလက်ရှိရနေတဲ့ ရလဒ်ကောင်းတွေကို ဆက်လက် သယ်ဆောင်သွားဖွယ်ရာရှိနေပါတယ်။

မန်စီးတီးပဲ ဂိုးပြတ်အနိုင်ရသွားဖွယ်ရာရှိတဲ့ အတွက် ဂိုးပေါ်မှာပါ။

လေးဂိုး၊ ဂိုးမရှိရလဒ် အထိ ဖြစ်ဖွယ်ရာရှိပါတယ်။