မန်ချက်စတာယူနိုက်တက် နဲ့ အာဆင်နယ် ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် နဲ့ အာဆင်နယ် ပွဲကြိုသုံးသပ်ချက်

December 5, 2018 0 Premier League, Preview

 

 

 

ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၂နာရီခွဲမှာကန်မယ့် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နဲ့တိုရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ်ပွဲကို သုံးသပ်တင်ပြပေးသွားပါ့မယ်။

ပြိုင်ပွဲ – ပရီးမီးယားလိဂ်

ကွင်း – မန်ချက်စတာယူနိုက်တက်အိမ်ကွင်း အိုးလ်ထရက်ဖို့

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ကို ထိပ်ဆုံးက ဦးဆောင်နေတဲ့ မန်စီးတီနောက်မှာ ၁၆ မှတ်အကွာနဲ့ ဆက်လက်ရုန်းကန်နေရဆဲ ဖြစ်ပြီး၊ အာဆင်နယ် အသင်းကတော့ ပြိုင်ပွဲပေါင်းစုံမှာ ၁၉ ပွဲအထိရှုံးပွဲမရှိသေးပဲ သူတိုရဲ့ နောက်ဆုံး ၃ပွဲလုံးကို အနိုင်ရထားပါတယ်။

 

မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲကို အနိုင်ရရှိထားခြင်းမရှိပါဘူး။ ချန်ပီယံလိဂ်မှာလည်း ယန်းဘွိုင်းအသင်းကို နာကျင်အချိန်ပိုကြမှသာ ဖယ်လိုင်နီရဲ့ သွင်းဂိုးနဲ့သာ အနိုင်ယူနိုင်ခဲ့ပါတယ်။ နိုင်ငံတကာပွဲတွေမရှိချိန်မှာတော့ မန်ချက်စတာစီးတီးအသင်းကို ၃ဂိုး၊ ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဂိုးမရှိသရေ၊ အဝေးကွင်းမှာ ဆောက်သင်တမ်အသင်းကို ၂ဂိုးစီသရေ ကျခဲ့ရာမှာလည်း ၂ဂိုးရှုံးနေရာကနေ လူကာကူနဲ့ ဟာရဲရားတို့ရဲ့ နောက်ကလိုက်သွင်းတဲ့ဂိုး တွေကြောင့်သာ သရေကျခဲ့ရတာပါ။

ဖြစ်နိုင်ဖွယ်ရာလူစာရင်း

ကစားကွက် – ၄ – ၃ – ၃

ဂိုး – ဒီဂီယာ

နောက်တန်း – ဒီယေဂို ဒါလော့၊ ခရစ္စစမောလင်း၊ ဖီးလ်ဂျုံး၊ မာကို့စ်ရိုဂျို

အလယ်တန်း – မော်ရိုနီ ဖယ်လိုင်နီ၊ နီမန်ဂျာ မာတစ်၊ ပေါလ် ပေါ့ဂ်ဘာ

ရှေ့တန်း – မားကပ် ရက်စ်ဖို့၊ ရိုမဲလူ လူကာကူ၊ မာတီရယ်လ်

 

အာဆင်နယ်

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ နောက်ဆုံး ၃ပွဲစလုံးကို အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးလေးသင်း နေရာကို ရယူနိုင်ခဲ့ပါတယ်။ အနိုင်ရတဲ့ သုံးပွဲစလုံးဟာလည်း နိုင်ငံတကာပွဲတွေရပ်နားထားချိန်မှာ နိုင်ခဲ့တာပါ။  ဘုန်းမောက်နဲ့ပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းဂိုး ခွင့်ပြုခဲ့ရပေမယ့် အူဘာမီယန်ရဲ့ ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် ၂ဂိုး၊ ၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဗော်လ်စကာအသင်းကိုလည်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၃ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြါတယ်။ အိမ်ကွင်းမှာ စပါးကို ၄ဂိုး၊ ၂ဂိုးနဲ့ အနိုင်ယူခဲ့ရာမှာလည်း အူဘာမီယန် ၂ဂိုးသွင်းခဲ့ကာ၊လာကဇက်တီနဲ့ တော်ရဲရားတို့က တစ်ဂိုးစီသွင်းယူခဲ့ပါတယ်။

ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

ကစားကွက်  – ၄-၂-၃-၁

ဂိုး – ဘန်းန် လီနို

နောက်တန်း – ဟက်တာ ဘယ်လာရင်၊ မူစတာဖီ၊ ရော့ဘ်ဟိုးလ်ဒင်း၊ ဆိဒ် ကိုလာစီနစ်

အလယ်တန်းခံစစ် – မတ်တီယို ဂွမ်ဒိုဇီ၊ လူးကတ်စ် တော်ရဲရား

အလယ်တန်းတိုက်စစ် – အဘူမီယန်၊ အာရွန်ရမ်ဆေး၊ မဲဆွတ် အိုလ်ဇေး

ရှေ့တန်း – လာကာဇက်တီ

 

နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု

မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းနဲ့ မနှစ်က နောက်ဆုံးရာသီအထိ ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ ၉၈ ပွဲနိုင်ခဲ့ပြီး အာဆင်နယ်ကတော့ ၈၂ ပွဲ အနိုင်ရခဲ့ကာ နှစ်သင်းလုံး ၄၇ ပွဲ သရေကျခဲ့ပါတယ်။ သူတို့ နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ငါးပွဲရလဒ်တွေကတော့

၉၊ ဧပြီ၊ ၂၀၁၈၊ မန်ချက်စတာယူနိုက်တက် ၂ – ၁ အာဆင်နယ်

၀၂၊ ဒီဇင်ဘာ၊ ၂၀၁၇၊ အာဆင်နယ် ၁ – ၃ မန်ချက်စတာယူနိုက်တက်

၀၇၊ မေ၊ ၂၀၁၇၊ အာဆင်နယ် ၂ – ၀ မန်ချက်စတာယူနိုက်တက်

၁၉၊ နိုဝင်ဘာ၊ ၂၀၁၆၊ မန်ချက်စတာ ၁ –  ၁ အာဆင်နယ်

၂၈ ဖေဖော်ဝါရီ၊ ၂၀၁၆၊ မန်ချက်စတာယူနိုက်တက် ၃ – ၂ အာဆင်နယ်

ခန့်မှန်းချက်

မန်ချက်စတာယူနိုက်တက်ဟာ ရေပန်းစားတဲ့အသင်းဖြစ်နေပေမယ့်လည်း ပုံစံကောင်းပြန်ရဖို့ခက်နေပါတယ်။ အာဆင်နယ်အသင်းကတော့ အထနှေးတတ်တဲ့ ယူနိုက်တက်ကို အခွင့်ကောင်းယူပြီး ဂိုးတွေသွင်းယူနိုင်ခဲ့ရင် ယူနိုက်တက်အနေနဲ့ ပြန်လာနိုင်ဖို့ခက်ပါတယ်။

ဂိုးခန့်မှန်းချက်နဲ့ ရွေးချယ်မှု

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်းတွေ ဖြစ်တာနဲ့အညီ အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖွယ်ရှိပြီး ဂိုးအများ နဲ့ အာဆင်နယ်အသင်းကို ရွေးချယ်သင့်ပါတယ်။

ဂိုးရလဒ်ခန့်မှန်းချက် – မန်ချက်စတာယူနိုက်တက် ၁ – ၃ အာဆင်နယ်