တော့တင်ဟမ် ဟော့စပါးနဲ့ ဆောက်သင်တမ် ပွဲကြိုခန့်မှန်းချက်

တော့တင်ဟမ် ဟော့စပါးနဲ့ ဆောက်သင်တမ် ပွဲကြိုခန့်မှန်းချက်

December 5, 2018 0 Premier League, Preview

 

 

ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၂နာရီခွဲမှာကန်မယ့် စပါးနဲ့ ဆောက်သက်တမ်တိုရဲ့ ပရီးမီးယားလိဂ်ပွဲကို သုံးသပ်တင်ပြပေးသွားပါ့မယ်။

ပြိုင်ပွဲ – ပရီးမီးယားလိဂ်

ကွင်း – တော့တင်ဟမ်ဟော့စပါး အိမ်ကွင်း ဝင်ဘာလေ

ပြီးခဲ့တဲ့အပတ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို အလယ်တကူ ၂ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ မာ့ဟုခ်ျရဲ့ ဆောက်သင်တမ် အသင်းဟာ၊ ဝင်ဘာလေကွင်းမှာ တော့တင်ဟမ်ဟော့စပါး အသင်းကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါး

လန်ဒန်မြောက်ပိုင်း ဒါဘီပွဲမှာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ စပါးတို့ဟာ ၆ ပွဲဆက် အနိုင်ရရှိထားတဲ့ စံချိန် ပျက်ပြယ်သွားခဲ့ပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေရပ်တန့်ထားချိန်မှာ စပါးတို့ဟာ ချယ်လ်ဆီးအသင်းကို ဒါလီအလီ၊ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ဂိုး၊ ၁ဂိုးနဲ့ အနိုင်ယူခဲ့နိုင်ပါတယ်။  အင်တာမီလန်အသင်းကိုလည်း ခရစ္စတိန်း အဲရစ်ဆင်ရဲ့ နောက်ကျသွင်းဂိုးနဲ့ နတူ တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီး လန်ဒန်ဒါဘီပွဲဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရာမှာတော့ အဲရစ်ဒိုင်ယာနဲ့ ကိန်းတို့က တစ်ဂိုးစီသွင်းယူခဲ့ပါတယ်။

ဖြစ်နိုင်ဖွယ်ရာလူစာရင်း

ကစားကွက် – ၄ – ၂-၃-၁

ဂိုး – ဟိုဂို လိုရစ်

နောက်တန်း – ကိုင်ယန် ထရစ်ပီယာ၊ တိုဘီ အယ်လ်ဒါဝိုင်း၊ ဂျုယန် ဖို့၊ ဒန်နီရော့စီ

အလယ်တန်း ခံစစ်- အဲရစ်ဒိုင်ယာ၊ မော့ဆာ ဆစ်ဆိုကို

အလယ်တန်းတိုက်စစ် – လူးကပ်စ် မော်ရာ၊ ခရစ္စတိန်း အဲရစ်ဆင်၊ ဒယ်လီအလီ

ရှေ့တန်း – ဟယ်ရီကိန်း

 

ဆောက်သင်တမ်

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်သုံးပွဲစလုံးမှာ ဆောက်သင်တမ်တို့ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့်လည်း တစ်ပွဲမှ အနိုင်ရယူနိုင်ခဲ့ခြင်းမရှိပါဘူး၊ စက်တင်ဘာ ၁ရက်နေ့က အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားတဲ့ပွဲမှာ မိနစ်၉၀ အထိ တစ်ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း၊ နောက်ကျချေပဂိုးပေးလိုက်ရတာကြောင့် တစ်ဂိုးစီ သရေကျခဲ့ပါတယ်၊ အဝေးကွင်းမှာ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြုန်ရာမှာလည်း ရှေ့တန်းတိုက်စစ်မှုး စတူးရတ် အမ်းစထရောင်းရဲ့ သွင်းဂိုး ၂ဂိုးနဲ့ ဦးဆောင်ခဲ့နိုင်ပေမယ့်လည်း ၃ဂိုး ပြန်အသွင်းခံရပြီး ရှုံးနိမ့်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကိုလည်း ၂ဂိုး ဦးဆောင်ပြီးမှ ဂိုးတွေပြန်ပေးလိုက်ရတာကြောင့် ၂ဂိုးစီ သရေကျခဲ့ပါတယ်။။

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ နောက်ဆုံး ၃ပွဲစလုံးကို အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးလေးသင်း နေရာကို ရယူနိုင်ခဲ့ပါတယ်။ အနိုင်ရတဲ့ သုံးပွဲစလုံးဟာလည်း နိုင်ငံတကာပွဲတွေရပ်နားထားချိန်မှာ နိုင်ခဲ့တာပါ။  ဘုန်းမောက်နဲ့ပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းဂိုး ခွင့်ပြုခဲ့ရပေမယ့် အူဘာမီယန်ရဲ့ ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် ၂ဂိုး၊ ၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဗော်လ်စကာအသင်းကိုလည်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၃ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြါတယ်။ အိမ်ကွင်းမှာ စပါးကို ၄ဂိုး၊ ၂ဂိုးနဲ့ အနိုင်ယူခဲ့ရာမှာလည်း အူဘာမီယန် ၂ဂိုးသွင်းခဲ့ကာ၊လာကဇက်တီနဲ့ တော်ရဲရားတို့က တစ်ဂိုးစီသွင်းယူခဲ့ပါတယ်။

ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

ကစားကွက်  – ၄-၂-၃-၁

ဂိုး – အဲလက်စ်မက်ကာသီ

နောက်တန်း – ဆီးဒရစ် ဆိုရက်စ်၊ ဝက်စလေ ဟိုအက်၊ မာယာ ယိုရှီဒါ၊ ရိုင်ယန် ဘာထရန်

အလယ်တန်းခံစစ် – စတီဗင် ဒါဗစ်၊ အီမီလ် ဟော့ဘ်ခ်ျ

အလယ်တန်းတိုက်စစ် – စတူးရတ်အမ်းစထရောင်း၊ မာနိုလာ ဂါဘီယာဒီနီ၊ နက်သန်ရက်မွန်ဒ်

ရှေ့တန်း – ဒန်နီအင့်ဂ်

 

နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု 

၂၁၊ ဇန်နဝါရီ၊ ၂၀၁၈ : ဆောက်သင်တမ် ၁ – စပါး ၁

၂၆၊ ဒီဇင်ဘာ၊ ၂၀၁၇ :စပါး ၅ – ၂ ဆောက်သင်တမ်

၁၉၊ မတ်၊ ၂၀၁၇၊ စပါး ၂ – ၁ ဆောက်သင်တမ်

၂၈၊ ဒီဇင်ဘာ၊ ၂၀၁၆၊ ဆောက်သင်တမ် ၁ – ၄ စပါး

၈၊ မေ၊ ၂၀၁၆ စပါး ၁ – ၂ ဆောက်သင်တမ်

ခန့်မှန်းချက်

တော့တင်ဟမ် ဟော့စပါးအသင်းဟာ မြောက်လန်ဒန် ဒန်ဘီပွဲမှာ အာဆင်နယ် အသင်းကို ရှုံးနိမ်မှုကနေ ပြန်လည်နိုးထလာဖွယ်ရာ ရှိနေပြီး အိမ်ကွင်းဝင်ဘာလေမှာ မန်နေဂျာလက်မဲ့ ဖြစ်နေတဲ့ ဆောက်သင်တမ် တို့ကို အနိုင်ယူသွားနိုင်ပါတယ်။

ဂိုးခန့်မှန်းချက်နဲ့ ရွေးချယ်မှု

ဒီပွဲမှာလည်း အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖွယ်ရှိပြီး ဂိုးအများ နဲ့ စပါးအသင်းကို ရွေးချယ်သင့်ပါတယ်။

ဂိုးရလဒ်ခန့်မှန်းချက် – စပါး ၃ – ၁ ဆောက်သင်တမ်