လီဗာပူး နဲ့ အာဆင်နယ်  ပွဲကြိုသုံးသပ်ချက်

လီဗာပူး နဲ့ အာဆင်နယ်  ပွဲကြိုသုံးသပ်ချက်

December 29, 2018 0 Premier League, Preview

 

                                                          

 

ပြိုင်ပွဲ – အင်္ဂလန် ပရီးမီးယားလိဂ်

ကွင်း –  အန်ဖီးလ်၊ လီဗာပူး အိမ်ကွင်း

ပရီးမီးယားလိဂ် ဦးဆောင်နေသူ လီဗားပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုအဖြစ် အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်တစ်ပွဲပါ။

—-

လီဗာပူး

 

 

လီဗာပူးအသင်းဟာ ဘောက်ဆင်ဒေးပွဲစဉ်တွေမှာ မန်ချက်စတာစီတီးအသင်း ခြေချော်နေတုန်းမှာ နယူးကာဆယ် အသင်းကို အိမ်ကွင်းမှာ အနိုင်ယူပြီး ပရီးမီးယားလိဂ် ဦးဆောင်သးအဖြစ် နောက်ထပ်ခြေတစ်လှမ်း လှမ်းနိုင်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့်ပဲ အမှတ်ပေးဇယားမှာ ဒုတိယနေရာက စပါးအသင်းနဲ့ ၆ မှတ်ကွာပြီး၊ တတိယနေရာက မန်စီးတီးအသင်းနဲ့ ၇မှတ်အကွာကနေ ဦးဆောင်ထားနိုင်ပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ တစ်သင်းထဲသော ရှုံးပွဲမတွေ့သေးတဲ့ အသင်းတစ်သင်းအနေနဲ့ ရပ်တည်နေပါတယ်။

 

ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

 

ချိန်ဘာလိန်၊ ဂျိုးဂိုးမက်ဇ်၊ ဂျိုဝယ် မာတစ် နဲ့ ဂျိမ်းစ်မီလ်နာ တို့ လီဗာပူးအသင်းမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး၊

 

 

အာဆင်နယ်

 

အာဆင်နယ်အသင်းဟာ ရာသီအစမှာ၇ ပွဲအနိုင်ရရှိပြီး မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့ပါတယ်။ ဒါပေမဲ့လည်း အဆင့်တစ်ခုရောက်ဖို့အတွက် လွဲချော်ခဲ့ရပြီး ဘောက်ဆင်ဒေး ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်မှာ ကံကောင်းထောက်မစွာ သရေတစ်မှတ်ရရှိခဲ့တာ ဖြစ်ပြီး နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၁၀ပွဲမှာ ၄ ပွဲသာ အနိုင်ရရှိထားပါတယ်။

 

ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

 

ရော့ဘ်ဟိုးလ်ဒင်း၊ ကွန်စတန်တီနို၊ ဒန်နီဝဲလ်ဘက်၊ အီမိုင်း စမစ် ရိုဝီ၊ ဟက်တာ ဘယ်လာရင် နဲ့ မီခီလ်တာယန် တို့ ဒါဏ်ရာကြောင့် လွဲချော်ဖွယ်ရှိနေပါတယ်။

 

 —————

 

နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု

 

လီဗာပူးအသင်းဟာ အာဆင်နယ်အသင်းနဲ့ ၆ ကြိမ် တွေ့ဆုံမှုမှာ ၃ ပွဲနိုင်၊ ၃ပွဲသရေ ရရှိထားပြီး ဂမ်းနားတွေကို ၂၀၁၅ ခုနှစ်ကတည်းက မရှုံးနိမ့်ထားပါဘူး။ အာဆင်နယ်အသင်းဟာ နောက်ဆုံး ငါးကြိမ် အန်ဖီးလ်ကွင်းကို ဧည့်သည်အဖြစ် လာရောက်ခဲ့ရာမှာ တစ်ပွဲမှ အနိုင်မရရှိထားပါဘူး။

ခန့်မှန်းချက်

အဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၂၅ ဂိုးသွင်းယူထားပြီး ၃ပွဲ ပေးဂိုးမရှိစံချိန်ရရှိထားပါတယ်။ ဒါပေမဲ့လည်း လီဗာပူးနဲ့ နောက်ဆုံး ၇ ကြိမ်တွေ့ဆုံမှုမှာ တစ်ပွဲမှာမှ အနိုင်မရထားသေးပါဘူး.  လီဗာပူးအသင်းအနေနဲ့လည်း အန်ဖီးလ်ကွင်းမှာ ၉ ပွဲကစားရမှာ ၇ ပွဲ သက်တောင့်သက်သာ အနိုင်ရထားပါတယ်။ ဒီအချက်အလက်တွေကို စုပေါင်းလိုက်ရင် အပြန်အလှန်ဂိုးသွင်းမှုတွေ မြင်ရပြီး လီဗာပူး ဂိုးပြတ် အနိုင်ရသွားနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

 

ဖိုးရွှေချို