ခရစ္စတယ်ပဲလေ့ နဲ့ ချယ်လ်ဆီး  ပွဲကြိုသုံးသပ်ချက်

ခရစ္စတယ်ပဲလေ့ နဲ့ ချယ်လ်ဆီး  ပွဲကြိုသုံးသပ်ချက်

December 30, 2018 0 Premier League, Preview

 

                                                          

 

ပြိုင်ပွဲ – အင်္ဂလန် ပရီးမီးယားလိဂ်

ကွင်း –  ဆဲလ်ဟာ့ပါ့ခ်၊  ခရစ္စတယ်ပဲလေ့စ် အိမ်ကွင်း

ခရစ္စတယ်ပဲလေ့စ်အန အသင်းက ချယ်လ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။ ပဲလေ့စ်တို့ အနေနဲ့ အရှုံးမရှိသေးတဲ့ သူတို့ရဲ့ ပြေးလမ်းပေါ်မှာ ဆက်လက်ပြေးလွှားနိုင်မလားဆိုတာ လေ့လာကြည့်ရအောင်။

—-

ခရစ္စတယ်ပဲလေ့စ်

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ခရစ္စတယ်ပဲလေ့စ် အနေနဲ့ သူတို့မမျှော်လင့်ထားတဲ့ ခရစ္စမတ်လက်ဆောင်အဖြစ် မန်စီးတီးအသင်းကို အဝေးကွင်းမှာ ၃ဂိုး၊ ၂ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ထို့အတူပဲ ဘောက်ဆင်ဒေးမှာလည်း သူတို့ရဲ့ အနိုင်ယူချင်တဲ့ စိတ်ဓတ်ကို ကာဒစ်နဲ့ ပွဲမှာ ပြသခဲ့ပါတယ်။ လိဂ်ပွဲ၃ပွဲကစားရာမှာ မရှုံးသေးတဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့ အိမ်ကွင်း လေထုတွေထဲမှာ အနိုင်ယူလိုမှု ရနံ့တွေ ပြည့်နှက်နေမလားဆိုတာ ဆက်လက် စောင့်ကြည့်ရပါမယ်။ ပြီးခဲ့တဲ့ ၃ပွဲကနေ ၇မှတ်ရခဲ့တဲ့ ပဲလေ့စ်တို့ဟာ အမှတ်ပေးဇယားမှာ အဆင့် ၁၄ နေရာမှာ ရောက်ရှိနေပြီး နောက်ထပ်ရာသီဝက်မှာ တန်းဆင်းဇုန်ကဝေးကွာနေရေးဟာ သူတို့အသင်းရဲ့ မျှော်မှန်းချက် ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

 

ခရစ္စတီယန် ဘန်တီကီ ဟာ ပဲလေ့စ်လူစာရင်းမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ မာတင်ကယ်လီ။ ဝိန်း ဟန်နက်ဆီ တို့ကလည်း ဒဏ်ရာရနေကြပါတယ်။

 

ချယ်လ်ဆီး

 

ချယ်လ်ဆီးလ်အသင်းဟာ ရင်ဆိုင်ရခက်တဲ့ အသင်းတစ်သင်းဆိုတာ ငြင်းဆိုဖွယ်ရာမရှိပါဘူး။ ပြီးခဲ့တဲ့လတစ်လလုံး သူတို့ရဲ့ မာကျောတဲ့ စွမ်းရည်ကို ပြသခဲ့ပြီးပါပြီ။ ဒါပေမဲ့လည်း အမှတ်ပေးဇယားမှာ စတ္တုထနေရာက ရပ်တည်နေရာကနေ ထိပ်တန်းအသင်းတွေရဲ့ စိန်ခေါ်မှုကို ကြံကြံခိုင်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါ။ စတန်းဖို့ဘရစ်ခ်ျ ကသူတိုရဲ့ ခံစစ်ကစားပုံမှတ်တမ်းဟာ အနည်းငယ်စိုးရိမ်စရာရှိပါတယ်။။ ပရီးမီးယားလိဂ် ငါးပွဲမှာ လေးဂိုးပေးခဲ့ရတာကို သတိပြုရမှာပဲ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

 

အန်ဒရေ ခရစ္စတန်ဆန်ကတော့ချယ်လ်ဆီးအသင်းမှာ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဗစ်တာ မိုဆေ၊ အယ်လ်ဗာရို မိုရာတာ၊ ပက်ဒရို တို့ ပါဝင်နိုင်မယ်ဆိုာတ မသေချာသေးပါဘူး

 

 —————

 

နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု

 

ချယ်လ်ဆီးအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ၂သင်းကြား ၆ ကြိမ်တွေ့ဆုံမှုမှာ ချယ်လ်ဆီးက လေးပွဲနိုင်ပြီး နှစ်ပွဲရှုံးနိမ့်ထားပါတယ်။

ခန့်မှန်းချက်

အဝေးကွင်းမှာ ချယ်လ်ဆီးတို့ဟာ ဂိုးမပေးရတဲ့ ပွဲစံချိန်ဟာ အောက်တိုဘာလကတည်းက ကျိုးပျက်ခဲ့တာပါ။ ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ လိဂ်ပွဲ ၆ ပွဲမှာ ၅ဂိုးသွင်းယူနိုင်ထားပါတယ်။  ဒါကြောင့်လည်း ဒီပွဲစဉ်မှာ နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ဖွယ်ရှိပြီး  ဧည့်သည် ချယ်လ်ဆီးအသင်းက ဂိုးသိပ်မပြတ်ပဲ အနိုင်ယူသွားဖို့ရှိတယ်လို့ ခန့်မှန်းလိုက်ရပါတယ်။

 

ဖိုးရွှေချို