ဆောက်သင်တမ် နဲ့ မန်စီးတီး  ပွဲကြိုသုံးသပ်ချက်

ဆောက်သင်တမ် နဲ့ မန်စီးတီး  ပွဲကြိုသုံးသပ်ချက်

December 30, 2018 0 Premier League, Preview

 

                                                          

 

 

 

ပြိုင်ပွဲ – အင်္ဂလန် ပရီးမီးယားလိဂ်

ကွင်း –  စိန့်မေရီ စတေဒီယမ်၊ ဆောက်သင်တမ် အိမ်ကွင်း

တနင်္ဂနွေ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲအဖြစ် ဆောက်သင်တမ်တို့ အိမ်ကွင်းမှာ မန်စီးတီး အသင်းကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ အနိုင်ရဖို့ လိုအပ်နေတဲ့ မန်ချက်စတာ စီးတီးအသင်းအနေနဲ့ ဆောက်သင်တမ်အသင်းကို အနိုင်ရနိုင်မလား ဆိုတာ လေ့လာကြည့်ရအောင်။

—-

ဆောက်သင်တမ်

 

 

ဆောက်သင်တမ်အသင်းကို သေချာလေ့လာကြည့်ရင် ဒီဇင်ဘာလအစကတည်းက ရုန်းကန်နေရတာကို တွေ့ရပါလိမ့်မယ်၊ ကာဒစ်အသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ ရှုံးပြီး အမှတ်ပေးဇယားမှာ အဆင်၁၂ နဲ့ ရပ်တည်နေရတာဟာ ပျော်စရာမကောင်းပါဘူး။  ပြီးခဲ့တဲ့ အပတ်ကလည်း ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာ အာဆင်နယ်နဲ့ ဟက်ဒါဖီးလ်အသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာ အစွမ်းပြနိုင်ခဲ့ပါတယ်။

 

ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

 

ရိုန်ယန် ဘာထရန့် တစ်ယောက်ထဲ ဒါဏ်ရာပြဿနာရှိနေတာပါ။ နောက်တန်းကစားသမား စီးဒရစ်ကတော့ ပြန်ပါဝင်လာနိုင်ဖို့ ကြံ့ခိုင်မှု ပြည့်ဝနေပါတယ်။

 

မန်ချက်စတာစီးတီး

 

မန်ချက်စတာစီးတီးအသင်းရဲ့ ပြဿနာတွေကို ပြန်လည် ဆန်းစစ်ကြည့်ရမယ်ဆိုရင်၊ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့စဉ်က နောက်တန်းပြဿနာ ရှိနေတာ တွေ့ရမှာ ဖြစ်ပြီး လေးပွဲမှာ ရှစ်ဂိုး ပေးခဲ့ရတာနဲ့ ပေးဂိုးမရှိတဲ့ပွဲ မရှိတာ တစ်လကျော်သွားတာကို တွေ့ရမှာပါ။ စိတ်ဓတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေရှိနေတဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်တည်ဆောက်နိုင်မလားဆိုတာ လေ့လာရမယ့်ပွဲပါပဲ။

 

ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

 

ကလောာ်ဒီယို ဘရာဗို၊ မန်ဂါလာနဲ့ မန်ဒီတို့ဟာ ဒဏ်ရာနဲ့ ဆက်လက်ရုန်းကန်နေရပါတယ်။ ဖာဘီယန်ဒဲလ်ပ် ကတော့ ပွဲပါယ်ခံထားရပြီး၊ ဖာနန်ဒင်ဟို၊ ဂါဘရီယ်ဂျီးဆပ် နဲ့ ဗင်းဆင့်ကုန်ပနီတို့ ပါဝင်ကစားဖို့ မသေချာပါဘူး။

 

 —————

 

နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု

 

မန်ချက်စတာစီးတီးအသင်းဟာ ဆောက်သင်တမ်အသင်းနဲ့ ၆ ပွဲ ရင်ဆိုင်တွေ့ရာမှာ လေးပွဲနိုင်၊ တစ်ပွဲသရေ နဲ့ တစ်ပွဲရှုံးရလာဒ် ရရှိထားပါတယ်။

ခန့်မှန်းချက်

ဆောက်သင်တမ်အသင်းဟာ သူတို့နောက်ဆုံးကစားခဲ့တဲ့ ၉ပွဲမှာ ၈ပွဲက အနည်းဆုံး တစ်ဂိုးစီသွင်းယူနိုင်ထားတာကို တွေ့ရပါတယ်။ မန်ချက်စတာစီးတီးအသင်းကတော့ လိဂ်ပွဲကိုးပွဲ ကစားရမှာ ဂိုးအများအပြား သွင်းယူနိုင်ထားတာ တွေ့ရပါတယ်။ ဒီလို အချက်အလက်တွေတွေအရ ဒီပွဲစဉ်မှာ နှစ်သင်းပေါင်း ဂိုးသွင်းယူမှုနှုန်း များပြားနိုင်တာကြောင့် ဂိုးအများကိုသာ ရွေးချယ်သင့်ပါတယ်။ စွန့်စားချင်တယ်ဆိုရင်တော့ အိမ်ရှင်အသင်းကို ရွေးချယ်ပါ။

 

ဖိုးရွှေချို