ချယ်လ်ဆီးနဲ့ ဆောက်သင်တမ်   ပွဲကြိုသုံးသပ်ချက်

ချယ်လ်ဆီးနဲ့ ဆောက်သင်တမ်   ပွဲကြိုသုံးသပ်ချက်

January 2, 2019 0 Premier League, Preview

 

                                                          

 

ပြိုင်ပွဲ – အင်္ဂလန် ပရီးမီးယားလိဂ်

ကွင်း –  စတန်းဖို့ဘရစ်ခ်ျ၊ ချယ်လ်ဆီး အိမ်ကွင်း

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၃ရက် နံနက် ၂နာရီ ၁၅ မိနစ်မှာတော့ အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲ အဖြစ် ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းစတန်းဖို့ဘရစ်ခ်ျမှာ ဆောက်သင်တမ် အသင်းကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

—-

ချယ်လ်ဆီး

 

 

ချယ်လ်ဆီးအသင်းကတော့ အိမ်ကွင်းမှာ အားနည်းနေတဲ့ ဆောက်သင်တမ် အသင်းကို အနိုင်ယူဖို့ မျှော်လင့်ထားတာပါ။  ခရစ္စမတ်ကာလအတွင်းက အိမ်ကွင်းမှာ လီဆက်စတာအသင်းကို အံအားသင့်ဖွယ် ရှုံးနိမ့် ခဲ့ရတဲ့ အိမ်အသင်းဟာ ပြန်လည်နိုးထလာနိုင်ဖို့ ပြင်ဆင်နေပါပြီ။ ပြီးခဲ့တဲ့ အပတ်က ခရစ္စတယ်ပဲလေ့စ် အသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ယူခဲ့တဲ့ ပွဲမှာ ၃ မှတ်ရပြီးနောက်မှာတော့ ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ အသင်းနဲ့ ၁၁ မှတ် ကွာဟနေပါသေးတယ်။ အသက်ရှုချောင်စရာ အဖြစ် အဆင့် ၅ ဖိအားပေးနေတဲ့ အာဆင်နယ်အသင်းနဲ့ ၅ မှတ်ကွာနေသေးတာပါ။  စတန်းဖို့ဘရစ်ခ်ျမှာ ကန်ခဲ့တဲ့ ကိုးပွဲမှာ အိမ်ရှင် ချယ်လ်ဆီးတို့ဟာ ၆ပွဲနိုင်၊ ၃ပွဲ သရေ စံချိန်ရရှိထားပါတယ်။

 

ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

 

အိုလီဗီယာ ဂီးရော့ဒ် အနေနဲ့ ဒူးဒဏ်ရာကြောင့် ပွဲ လွဲချော်ဖွယ်ရာရှိနေပါတယ်။ ရူဘင် လုဖ်တပ်စ် ချက်၊ ဆက်ဖာဘရီဂတ်စ်၊ ဒန်နီ ဒရင့်ဝါးတား၊ ကာလမ် ဟတ်ဒ်ဆန် နဲ့ ပက်ဒရိုတို့လည်း ပါဝင်နိုင်ဖို့က မသေချာပါဘူး။

 

ဆောက်သင်တမ်

 

ဆောက်သင်တမ် အသင်းဟာ နည်းပြ ရာလ်ဖ် ဟက်ဆန်ဟက်တယ်လ် တာဝန်ယူထားချိန်မှာ စပါးအသင်းကို ၃ဂိုး၊ ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အာဆင်နယ်နဲ့ ဟက်ဒါဖီးလ်အသင်းကို ပြန်လည်အနိုင်ယူပြထားပါတယ်။ ဒါပေမဲ့ မန်ချက်စတာစီးတီးကို ၃ဂိုး၊ ၁ဂိုးနဲ့ ရှုံး၊ ဝက်စ်ဟမ်း အသင်းကို ၂ဂိုး၊ ၁ဂိုးနဲ့ ပြန်လည်ရှုံးနိမ့်ခဲ့ရတာတွေဟာ သူတို့ရဲ့ ခြေစွမ်းအတက်အကျ မတည်ငြိမ်မှုကို ပြသနေပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၉ ဂိုးပေးခဲ့ရပြီး၊ ၈ဂိုးပြန်ရခဲ့တာကလည်း သတိပြုစရာပါ။

 

ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

 

မာရီယို လီမီနာ ပြန်လည်ပါဝင်လာမှာ ဖြစ်ပေမယ့် မစ်ချယ် အိုဘာဖီမီ နဲ့ ရိုင်ယန်ဘားထရန်တို့ နှစ်ယောက်စလုံး လွဲချော်မှာပါ။ မာယာ ရိုရှီဒါကလည်း အာရှဖလားပြိုင်ပွဲအတွက် နိုင်ငံအသင်းကို သွားရောက် ပူးပေါင်းနေပါတယ်။

 

 —————

 

နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု

ချယ်လ်ဆီးအသင်းဟာ ဆောက်သင်တမ်နဲ့ တွေ့ဆုံခဲ့တဲ့ ၇ကြိမ်မှာ ၇ကြိမ်လုံး အနိုင်ရရှိထားပါတယ်။ နောက်ဆုံးရှုံးနိမ့်ထားတာကတော့ ၂၀၁၅ ခုနှစ်မှာပါ။ ၇ပွဲအနိုင်ရရှိရာမှာ လေးပွဲမှာ အနည်းဆုံး ၃ ဂိုး သွင်းယူထားပါတယ်။

ခန့်မှန်းချက်

ဆောက်သင်တမ်အသင်းဟာ ဂိုးကွာခြားချက်နဲ့ တန်းဆင်းဇုန် ပြင်ပမှာ ရောက်ရှိနေတဲ့ အသင်းတစ်သင်းပါ။ မန်နေဂျာ ဟတ်ဆန်ဟတ်ကလည်း ဘွန်ဒက်လီဂါက အာဘီရ်လိုက်ပ်ဇစ်အသင်းကို အောင်မြင်မှုတွေ ရအောင် စွမ်းဆောင် ထားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ အနည်းငယ် ရုန်းကန်နေရပေမယ့် သူတို့အတွက် အခွင့်အရေး ရှိနေတဲ့ပွဲစဉ်ကို လက်လွတ်ခံမှာ မဟုတ်ပါဘူး။ ဆောက်သင်တမ် အသင်းရဲ့ ဂိုးပြန်သွင်းလေ့ရှိတဲ့ မှတ်တမ်းတွေကြောင့် ဒီပွဲစဉ်မှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးများဖွယ် ရှိနေပြီး အိမ်ရှင်ချယ်လ်ဆီး အနိုင်ရမယ့်ပွဲတစ်ပွဲလို့ ခန့်မှန်းလိုက်ရပါတယ်။

 

ဖိုးရွှေချို