နယူးကာဆယ် နဲ့ မန်ချက်စတာယူနိုက်တက်    ပွဲကြိုသုံးသပ်ချက်

နယူးကာဆယ် နဲ့ မန်ချက်စတာယူနိုက်တက်    ပွဲကြိုသုံးသပ်ချက်

January 2, 2019 0 Premier League, Preview

 

                                                          

 

ပြိုင်ပွဲ – အင်္ဂလန် ပရီးမီးယားလိဂ်

ကွင်း –  စိန့်ဂျိမ်းစ်ပါတ်ခ်၊ နယူးကာဆယ် အိမ်ကွင်း

အင်္ဂလန်ပရီးမီးယားလိဂ် ရဲ့  ပွဲစဉ်တစ်ပွဲ အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၃ရက် နံနက် ၂နာရီ ၃၀ မိနစ်မှာတော့ နိုင်ပွဲဆက်နေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ အဝေးကွင်းပွဲစဉ်အဖြစ် နယူးကာဆယ် အိမ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။

—-

နယူးကာဆယ်

 

 

နိုဝင်ဘာလတုန်းကတော့နယူးကာဆယ် အသင်းဟာ ပြန်လည် ရှင်သန်လာဖို့အတွက် အလားအလာရှိသယောင် မြင်တွေ့ခဲ့ရပြီး ဝက်ဖို့အသင်းကို ၁ဂိုး၊ ဂိုးမရှိနဲ့ မနိုင်ခင်က ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် တွေကို အနိုင်မရခဲ့ပါဘူး။ ဒီ့နောက်မှာလည်း ၃ပွဲ ဆက် အနိုင်ရခဲ့ပါသေသတယ်။ ဒါပေမဲ့လည်း နည်းပြ ဘင်နီတက်ဇ်ဟာ ဒီလို အနိုင်ရရှိခဲ့မှု နှုန်းကို မထိန်းနိုင်ခဲ့ပါဘူး။ ဝက်စ်ဟမ်းအသင်းကို ၃ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးချိန်မှာတော့ သူတို့အသင်းဟာ အမှတ်ပေးဇယားထိပ်က အသင်းတွေနဲ့ ၇ပွဲကစားရာမှာ တစ်ပွဲသာ အနိုင်ရရှိထားပါတယ်။  သူတို့ဟာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပေမယ့် ပရီးမီးယားလိဂ် ၇ပွဲကစားရာမှာ ၃ ပွဲ ရှုံးနိမ့်ထားတာကြောင့် အမှတ်ပေးဇယားမှာ အဆင့် ၁၅ နေရာရောက်ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

 

ဖက်ဒါရီကို ဖာနန်ဒက်စ် ဟာ တင်ပါးဒါဏ်ရာရရှိထားပါတယ်။ ကိုင်ရန် ကလာ့၊ ဖလိုရန် လီဂျီအွန် နဲ့ ကားလ် ဒါလိုး တို့က အရန်စာရင်းမှာ ရှိနေပါတယ်။ ကီဆောင်ယွန်းကလည်း အာရှဖလားပွဲအတွက် တောင်ကိုရီးယားအသင်းနဲ့ ပူးပေါင်းနေပါတယ်။

 

မန်ချက်စတာယူနိုက်တက်

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြောင်းလဲခဲ့တဲ့ အသင်းတစ်သင်းဆိုတာ သိပြီးသား ဖြစ်ကြမှာပါ။ လီဗာပူးအသင်းကို ၃ဂိုး၊ ၁ဂိုးနဲ့ ရှုံးနိမ့်မှုကြောင့် မော်ရင်ဟို ထွက်ခွာသွားရပြီးနောက်မှာတော့ အိုးထရက်ဖို့ ဝန်းကျင်မှာ ဆိုးရွားမှုတွေကို အိုလေဂန်နာဆိုးလ်ရှားနဲ့ အတူ မှေးမှိန်စေခဲ့ပါတယ်။  ကာဒစ်၊ ဟက်ဒါဖီးလ်၊ ဘုန်းမောက် စတဲ့ အသင်းတွေကို အနိုင်ယူခဲ့ရာမှာ ၁၂ဂိုးသွင်းယူခဲ့တာကတော့ မန်ယူ ပရိတ်သတ်တွေအတွက် အိပ်မက်တွေကို ပြန်လည် ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။ တိုက်စစ်ကစားပုံ ပြောင်းလဲရာမှာ သံသယ ရှိစရာ မရှိပေမယ့်၊ နောက်တန်းကစားပုံကတော့ သံသယရှိစရာ ရှိနေပါသေးတယ်၊ ပြီးခဲ့တဲ့ အပတ်က ပွဲစဉ်မှာ အဲရစ်ဘိုင်လေ တစ်ယောက် မလိုအပ်ပဲ အနီကတ် ပြခံရတာကြောင့် ခံစစ်စွမ်းရည်ကို မေးခွန်းထုတ်စရာ ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

 

အဲရစ်ဘိုင်လေ ပွဲပယ်ခံထားရပြီး မားကပ်ရက်ဖို့ရှ်လည်း ဒဏ်ရာရရှိထားနေတဲ့အတွက် ပါဝင်ဖို့မသေချာပါဘူး။ မာကို ရိုဂျို၊ စကော့ မက်တိုမီနေ နဲ့ ခရစ္စစမောလင်းလည်း မပါဝင်နိုင်သေးပါဘူး။ အလက်ဇီ ဆန်းချက်စ်ကတော့ ပြန်လည်ပါဝင်နိုင်ဖွယ်ရာရှိနေပါတယ်။

 —————

 

နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု

 

နယူးကားဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ နှစ်သင်းကြား ၇ကြိမ်တွေ့ဆုံမှုမှာ မန်ချက်စတာယူနိုက်တက်က လေးပွဲနိုင်၊ နှစ်ပွဲသရေ နဲ့ တစ်ပွဲ ရှုံးနိမ့်ထားပါတယ်။ ဆုံတွေ့ခဲ့တဲ့ လေးပွဲမှာ ၃ပွဲက အပြန်အလှန်ဂိုးတွေ သွင်းခဲ့ကြပြီး ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလက မန်ချက်စတာယူနိုက်တက်က ၃ဂိုး၊ ၂ဂိုးနဲ့ နိုင်ခဲ့တဲ့ ပွဲအပါအဝင်ဖြစ်ပါတယ်။

ခန့်မှန်းချက်

အိုလေးဂန်နာရဲ့ မန်ချက်စတာယူနိုက်တက်ဟာ သူရဲ့လက်ထက်မှာ ဂိုးမပေးရတဲ့ ပွဲစဉ်ရှိဖို့ လိုအပ်နေပါတယ်။ မန်ချက်စတာယူနိုက်တက်အနေနဲ့ တစ်ရာသီလုံးမှာ ဂိုးမပေးရတဲ့ ပွဲစဉ် နှစ်ပွဲသာ ရှိနေပါသေးတယ်။ နောက်ဆုံး အဝေးကွင်းမှာ ဂိုးမပေးရတဲ့ပွဲစဉ်ကတော့ စက်တင်ဘာလမှာ ဘန်လေကို ၂ဂိုး၊ ဂိုးမရှိနဲ့ နိုင်တဲ့ပွဲစဉ်ပါပဲ။  ငှက်ကျားတွေဟာ လိဂ်ပွဲ ၆ ပွဲမှာ လေးဂိုးသွင်းယူထားနိုင်ပါတယ်။ သူရဲနီတွေကတော့ ဒီရာသီ အဝေးကွင်း ၁၀ပွဲမှာ ၁၉ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလိုအချက်အလက်တွေကို ထည့်သွင်းစဉ်းစားရင် ဒီပွဲစဉ်မှာလည်း အပြန်အလှန် ဂိုးသွင်းမှုတွေ မြင်တွေ့ရမှာ ဖြစ်ပြီး ဧည့်သည် မန်ချက်စတာ ယူနိုက်တက်က ကပ်နိုင်သွားဖွယ်ရာရှိတယ်လို့ ခန့်မှန်းရပါတယ်။

 

ဖိုးရွှေချို