လီဗန်တေးနဲ့ ဂီရိုနာ    ပွဲကြိုသုံးသပ်ချက်

လီဗန်တေးနဲ့ ဂီရိုနာ    ပွဲကြိုသုံးသပ်ချက်

January 4, 2019 0 Laliga, Preview

 

                                                           

 

ပြိုင်ပွဲ – စပိန်လာလီဂါ

ကွင်း –  လီဗန်တေး အိမ်ကွင်း

သောကြာနေ့ည စပိန်လာလီဂါပွဲစဉ်အဖြစ်  အမှတ်ပေးဇယားအလယ်က အသင်းနှစ်သင်းဖြစ်တဲ့ လီဗန်တေးနဲ့ ဂီရိုနာတို့ ဆုံတွေ့ကြမှာ ဖြစ်ပါတယ်။

—-

လီဗန်တေး

လီဗန်တေးအသင်းဟာ ပြီးခဲ့တဲ့ နည်းပြ ပါကိုလိုပက်ဖ်လက်ထက်မှာ အရှိန်အဟုတ်ပြင်းပြင်းတည်ဆောက်ခဲ့ပေမယ့် နောက်ဆုံး လိဂ်ပြိုင်ပွဲလေးပွဲမှာ တစ်ပွဲမှာ အနိုင်မရရှိသေးပါဘူး။ ကစားသမားတွေ အများအပြားဒဏ်ရာရမှုကလည်း အသင်းကို အခက်တွေ့စေပါတယ်။  ခက်ခဲတဲ့ အသင်းတွေဖြစ်တဲ့ ဆီဗီလာ၊ အသလက်တီကိုမက်ဒရစ်စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှုကြောင့်လည်း ပါပါတယ်။

 

ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

 

ရူဘင် ရိုချီနာ ပွဲပယ်ခံနေရပေမယ်၊ ဂျေဆင်နဲ့ အဲရစ် ကာဘာကိုတို့ ခံစစ်မှာ ပြန်လည် ပါဝင်နိုင်ပါတယ်။ အန်တိုနီယို လူနာနဲ့ ဆာမူ ဂါစီယာတို့ ဒဏ်ရာရနေတုန်းပါပဲ။

 

ဂီရိုနာ

 

ဂီရိုနာအသင်း ရဲ့ စံချိန်မှတ်တမ်းက ဒီနှစ် လာလီဂါ၁၇ပွဲမှာ ၂၂မှတ်ရရှိထားပါတယ်။ အသင်းရဲ့ ရည်ရွယ်ချက်ကတော့ အလယ်အလတ်တန်း အသင်းကောင်းတစ်သင်းအနေနဲ့ နောက်ထပ်ကျန်နေတဲ့ ရာသီဝက်ကို အားကောင်းစွ ဖြတ်သန်းနိုင်ဖို့ပါ

 

ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

 

မာ့စ်မူနီဆာ နောက်တန်းအစွန်မှာ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိပြီး။ အခြားသောလူစာရင်းကတော့ ပြောင်းလဲမှု မရှိနိုင်ပါဘူး။

 —————

 

နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု

 

ပြီးခဲ့တဲ့ ရာသီက လေးကြိမ်တွေ့ဆုံခဲ့ရာမှာ ဧည့်သည်အသင်းတွေ အနိုင်ရခဲ့ပြီး အိမ်ရှင်အသင်းတွေ အနိုင်မရခဲ့တာက ထူးခြားမှုတစ်ခုပါ။

ခန့်မှန်းချက်

လီဗန်တေးရဲ့ အိမ်ကွင်းပွဲစဉ် ၈၈ ရာခိုင်နှုန်းဟာ ၂.၅ ဂိုးနဲ့ အထက် သွင်းယူထားပါတယ်။ ဂီရိုနာအသင်းကတော့ ပျှမ်းမျှ ဂိုးသွင်းနှုန်း ၁.၆၅ ဂိုးနှုန်းရှိနေပါတယ်။ ဒီစံချိန်ဟာ လာလီဂါမှာ ဘာစီလိုနာနဲ့ ဆီဗီလာတို့နောက် တတိယအကောင်းဆုံး နှုန်းဖြစ်နေပါတယ်။  ဂီရိုနာရှေ့တန်းက ခရစ္စသီယန် စတူအာနီ က ၁၃ပွဲမှာ ၁၁ ဂိုးသွင်းယူထားနိုင်ပါတယ်။  ဒီပွဲစဉ်အတွက်ခန့်မှန်းချက်ကတော့ ဂိုးအများနဲ့ ထပ်စွန့်စားချင်တယ်ဆိုရင် ဧည့်သည် ဂီရိုနာကို ရွေးချယ်သင့်ပါတယ်။

 

ဖိုးရွှေချို