အလာဗက်စ် နဲ့ ဗလင်စီယာ ပွဲကြိုသုံးသပ်ချက်

အလာဗက်စ် နဲ့ ဗလင်စီယာ ပွဲကြိုသုံးသပ်ချက်

January 5, 2019 0 Laliga, Preview

 

                                                          

 

ပြိုင်ပွဲ – စပိန် လာလီဂါ။

ကွင်း –  အလာဗက်စ် အိမ်ကွင်း

စနေနေ့ည စပိန်လာလီဂါ ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ည ၉ နာရီ ၄၅ မှာ အလာဗက်စ် အသင်းဟာ ဗလင်စီယာကို အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။

—-

အလာဗက်စ်

 

အလာဗက်စ်အသင်းဟာ အံ့အားသင့်ဖွယ်ရာ အမှတ်ပေးဇယားရဲ့ ဆဌမ နေရာမှာ ရှိနေပြီး ယူရိုပါလိဂ် ဝင်ခွင့်ရဖို့ အခွင့်အရေး ရှိနေတဲ့ အတွက် ဒီအဆင့်ကိုထိန်းသိမ်း နိုင်ဖို့ အားစိုက်ထုတ်ဖွယ်ရာရှိပါတယ်။  နည်းပြ အဘီလာဒို လက်အောက်မှာ စုစည်းမှု ပိုကောင်းလာပြီး ဒီရာသီမှာ အလာဗက်စ် အသင်းရဲ့ ရလာဒ်တွေလည်း တိုးတက်ကောင်း မွန်နေပါတယ်။

 

ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

 

ရူဘင် ဒွိုက် နဲ့ မူဘာရက် ဝါကာဆို တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဘယ်တောင်ပံ ခံစစ်မှုအနေနဲ့ အာဒရီယန် မား က ဖြည့်ကစားမှာ ဖြစ်ပြီး နာဗာရို နဲ့ မာတင်တို့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာမှာပါ။

 

ဗလင်စီယာ

ဗလင်စီယာအသင်း ဟာ ဒီပွဲစဉ်အတွက် လူကြိုက်များ ရေပန်းစားနေတဲ့ အသင်းတစ်သင်း ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမဲ့ လာလီဂါ မှာ ဂိုးသွင်းအနည်းဆုံး အသင်းတစ်သင်း ဖြစ်နေပြီး တစ်ပွဲပျှမ်းမျှ ဂိုးသွင်းနှုန်း ၀.၈၈ ရာခိုင်နှုန်းသာ ရှိနပါတယ်။ ဗလင်စီယာအသင်းအနေနဲ့ ဒီနှစ်သစ်ဟာ သူတို့အတွက် ကံကောင်းခြင်းတွေ ယူဆောင်လာမယ့် နှစ်တစ်နှစ် အဖြစ် ယူဆနေပြီး သူတို့ရဲ့ ပစ်မှတ်ကတော့ ယူရိုပါလိဂ် ခြေစစ်ပွဲအဆင့် ဝင်ရောက်နိုင်ဖို့ပါ။

 

ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

 

ကားလို့စ် ဆိုလာနဲ့ ဟိုဆေး ဂါယာ တို့နှစ်ယောက်လုံး ပွဲပယ်ခံထားရပါတယ်။ ဗလင်စီးယာ အသင်းဟာ အလယ်တန်းပြဿနာ အနည်းငယ်ရှိနေပြီး ကွန်ဒေ့ဘီယာ၊ ဂွန်ကာလို ဂွီဒီ တို့ ဒဏ်ရာရနေပါတယ်။

 —————

 

နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု

 

 

ဗလင်စီယာအသင်းဟာ လိဂ်ပွဲနောက်ဆုံး လေးပွဲမှာ ၄ပွဲ အနိုင်ရထားပါတယ်။ ဗလင်စီယာတို့ အလာဗက်အသင်းကို အဝေးကွင်း ကိုးပွဲရင်ဆိုင်ရာမှာ တစ်ပွဲသာ ရှုံးနိမ့်ထားပြီး ၅ပွဲနိုင်၊ ၃ပွဲ သရေ ရလာဒ် ရရှိထားတာပါ။

 

ခန့်မှန်းချက်

ဗလင်စီယာအသင်းမှာ ဒဏ်ရာရ လူစာရင်းများပြားနေတာ ပြဿနာတစ်ခုပါ။  အလယ်တန်းအတွက်လည်း ရွေးချယ်စရာလူအနည်းငယ်သာ ရှိပါတယ်။ ဒီအချက်ဟာ အလာဗက်စ် အိမ်ကွင်းမှာ အခက်အခဲတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ အလာဗက် အနေနဲ့ ဒီရာသီမှာ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့အပြင် အိမ်ကွင်း ပရိတ်သတ်ရှေ့မှာ တစ်ပွဲ ပျှမ်းမျှ ၂ မှတ်နှုန်း ရရှိထားတဲ့ အသင်းတစ်သင်းပါ။  ဒီအချက်အလက်တွေ အားလုံး စုပေါင်း သုံးသပ်ရရင် ဒီပွဲစဉ်ဟာ သရေကျသွားနိုင်တဲ့ ပွဲစဉ်တစ်ပွဲပါပဲ။

ဖိုးရွှေချို